🧠Anxiety and Sleep

“စိတ်ပူလို့ အိပ်မပျော်တာလား? အိပ်မပျော်လို့ စိတ်ပိုပူလာတာလား?”
တကယ်တော့ နှစ်ခုလုံး ဖြစ်နိုင်ပါတယ်။ Anxiety နဲ့ Sleep ဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် သက်ရောက်မှုရှိပါတယ်။

🌙 Anxiety ဆိုတာဘာလဲ?

Anxiety ဆိုတာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်၊ ပြဿနာ၊ မသေချာမှုတွေကို အလွန်အမင်း စိုးရိမ်ပူပန်နေတဲ့ အခြေအနေတစ်ခုပါ။Anxiety ဖြစ်နေချိန်မှာ ခန္ဓာကိုယ်ရဲ့ “fight-or-flight” response တက်ကြွလာနိုင်ပြီး—

  • နှလုံးခုန်မြန်ခြင်း
  • အသက်ရှူမြန်ခြင်း
  • ကြွက်သားတင်းကျပ်ခြင်း
  • မငြိမ်မသက်ဖြစ်ခြင်း
  • အတွေးများခြင်း တို့ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေက အိပ်စက်ဖို့ ခက်ခဲစေနိုင်ပါတယ်။

😟 Anxiety က Sleep ကို ဘယ်လိုထိခိုက်စေလဲ?

Anxiety ရှိသူတွေမှာ—
၁။ အိပ်ပျော်ဖို့ခက်ခြင်း – အိပ်ရာဝင်ပြီးနောက် “မနက်ဖြန်ဘာဖြစ်မလဲ” “ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ” စတဲ့ အတွေးတွေ ဆက်တိုက်ဝင်လာနိုင်ပါတယ်။
၂။ ညအတွင်း မကြာခဏနိုးခြင်း – အိပ်နေစဉ် စိတ်လှုပ်ရှားမှုများခြင်းကြောင့် အိပ်စက်မှု ပြတ်တောက်နိုင်ပါတယ်။
၃။ မနက်စောစောနိုးခြင်း – အချိန်မတိုင်မီ နိုးလာပြီး ပြန်အိပ်ဖို့ ခက်နိုင်ပါတယ်။
၄။ အိပ်ပြီးသော်လည်း မနားရသလို ခံစားရခြင်း – Sleep quality မကောင်းတဲ့အတွက် နောက်တစ်နေ့မှာ ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။

😴 Sleep မလုံလောက်ရင် Anxiety ဘာဖြစ်လာနိုင်လဲ?

အိပ်ရေးမဝတဲ့အခါ ဦးနှောက်ရဲ့ emotion regulation နဲ့ stress ကို ထိန်းညှိနိုင်စွမ်း ထိခိုက်နိုင်ပါတယ်။
အဲဒီအခါ—
– စိုးရိမ်ပူပန်မှု ပိုများလာခြင်း
– စိတ်တိုလွယ်ခြင်း
– အာရုံစူးစိုက်ရခက်ခြင်း
– မှတ်ဉာဏ်ကျဆင်းသလို ခံစားရခြင်း
– Stress ကို ပိုမိုခံစားလွယ်ခြင်း
– နေ့ခင်းဘက် အိပ်ငိုက်ခြင်း တို့ ဖြစ်လာနိုင်ပါတယ်။

ဒီလိုနဲ့ Sleep နှင့် Anxiety ဟာ တစ်ခု နှင့် တစ်ခု အပြန်အလှန် သက်‌ရောက်မှု ရှိနေပြီး ‌အောက်ပါကဲ့သို့ သံသရာ လည်နေတတ်ပါတယ်။

🌿 Anxiety ကို လျော့ကျစေပြီး Sound Sleep ရရှိစေရန်

1. ⏰ Sleep schedule ပုံမှန်ထားပါ – နေ့တိုင်း အိပ်ချိန်နဲ့ နိုးချိန်ကို တတ်နိုင်သမျှ တူညီအောင်ထားပါ။
2. ☕ Caffeine လျှော့ပါ – Coffee, tea, energy drinks စတဲ့ caffeine ပါဝင်တဲ့အရာတွေကို အထူးသဖြင့် ညနေပိုင်းနဲ့ ညဘက်မှာ ရှောင်ပါ။
3. 📱 Screen time လျှော့ပါ – အိပ်ရာမဝင်မီ ဖုန်း၊ tablet နဲ့ social media အသုံးပြုမှုကို လျှော့ပြီး ဦးနှောက်ကို အနားပေးပါ။
4. 🧘 Relaxation လုပ်ပါ – အိပ်ရာမဝင်မီ Deep breathing, Meditation ,Gentle stretching and Relaxing music
စတာတွေ လုပ်နိုင်ပါတယ်။
5. 📝 Overthinking ကို လျှော့ပါ – စိုးရိမ်နေတဲ့အရာတွေကို အိပ်ရာထဲမှာ ဆက်တွေးနေမယ့်အစား စာရွက်ပေါ် ချရေးထားပြီး မနက်ဖြန်မှာ ဖြေရှင်းဖို့ စီစဉ်ထားနိုင်ပါတယ်။
6. ☀️ နေ့ဘက်မှာ လှုပ်ရှားပါ – ပုံမှန် physical activity လုပ်ခြင်းက stress လျော့စေပြီး sleep quality ကို အထောက်အကူပြုနိုင်ပါတယ်။
7. 🛏️ အိပ်ရာကို အနားယူရာနေရာအဖြစ်ထားပါ – အိပ်ရာပေါ်မှာ အလုပ်လုပ်တာ၊ စာကြည့်တာ၊ social media ကြည့်တာတွေကို တတ်နိုင်သမျှ လျှော့ပါ။

🚨 ဘယ်အချိန်မှာ အကူအညီတောင်းသင့်လဲ?

Anxiety သို့မဟုတ် အိပ်မပျော်ခြင်းက—

  • နေ့စဉ်ဘဝ၊ စာသင်မှု/အလုပ်ကို ထိခိုက်လာခြင်း
  • အချိန်ကြာမြင့်စွာ ဆက်ဖြစ်နေခြင်း
  • နေ့စဉ်လုပ်ငန်းတွေ မလုပ်နိုင်လောက်အောင် ပင်ပန်းခြင်း
  • အလွန်အမင်း စိုးရိမ်ပူပန်ခြင်း ရှိလာရင် ဆရာဝန် သို့မဟုတ် mental-health professional ထံ တိုင်ပင်သင့်ပါတယ်။

“စိတ်ကျန်းမာရေးကောင်းဖို့အတွက် အိပ်စက်ခြင်းကိုလည်း ဂရုစိုက်ပါ။ ကောင်းမွန်သော အိပ်စက်ခြင်းကို ပိုင်ဆိုင်နိုင်ကြပါစေ🌙💙”