⚖️ Calorie Balance နဲ့ ကျန်းမာရေး

🍽️ Calorie ဆိုတာဘာလဲ? ကျန်းမာရေးနဲ့ ဘယ်လိုဆက်စပ်နေသလဲ?

“Calorie များရင် ဝလာမလား?”
“Calorie နည်းနည်းစားရင် ကျန်းမာရေးကောင်းမလား?”
“တစ်နေ့ကို Calorie ဘယ်လောက်စားသင့်လဲ?”

ဒီမေးခွန်းတွေကို နားလည်ဖို့ Calorie အကြောင်း အခြေခံသိထားဖို့ လိုပါတယ်။

🔥 Calorie ဆိုတာဘာလဲ?

Calorie (ကယ်လိုရီ) ဆိုတာ အစားအစာနဲ့ အချိုရည်တွေကနေ ခန္ဓာကိုယ်ရရှိတဲ့ စွမ်းအင်ပမာဏ ကို ဖော်ပြတဲ့ ယူနစ်တစ်ခုပါ။

ခန္ဓာကိုယ်က အိပ်နေချိန်မှာတောင်—
🫀 နှလုံးခုန်ဖို့
🫁 အသက်ရှူဖို့
🧠 ဦးနှောက်အလုပ်လုပ်ဖို့
🌡️ ခန္ဓာကိုယ်အပူချိန်ထိန်းဖို့
🩸 သွေးလည်ပတ်ဖို့ စွမ်းအင်ကို အမြဲအသုံးပြုနေပါတယ်။ ဒါ့အပြင် လမ်းလျှောက်ခြင်း၊ အလုပ်လုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့အတွက်လည်း Calorie လိုအပ်ပါတယ်။

⚖️ Calorie Balance ဆိုတာဘာလဲ?

ခန္ဓာကိုယ်ရရှိတဲ့ စွမ်းအင်နဲ့ အသုံးပြုတဲ့ စွမ်းအင်ကြားမှာ မျှတမှု ရှိဖို့ အရေးကြီးပါတယ်။

🔹 စားသုံးတဲ့ Calorie > အသုံးပြုတဲ့ Calorie ( စားသုံးတဲ့ Calorie က သုံးတဲ့ Calorie ထက် ပိုနေလျှင် )

➡️ အပိုစွမ်းအင်ကို ခန္ဓာကိုယ်က သိုလှောင်နိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။

🔹 စားသုံးတဲ့ Calorie < အသုံးပြုတဲ့ Calorie (စားသုံးတဲ့ Calorie က သုံးတဲ့ Calorie ထက် နည်းနေလျှင် )

➡️ ခန္ဓာကိုယ်က သိုလှောင်ထားတဲ့ စွမ်းအင်ကို အသုံးပြုလာပြီး ကိုယ်အလေးချိန်ကျလာနိုင်ပါတယ်။

🔹 စားသုံးတဲ့ Calorie ≈ အသုံးပြုတဲ့ Calorie ( စားသုံးတဲ့ Calorie နဲ့ သုံးတဲ့ Calorie ညီမျှနေလျှင် )

➡️ ရေရှည်မှာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ဖို့ အထောက်အကူပြုပါတယ်။

ဒါပေမယ့် Calorie balance တစ်ခုတည်းနဲ့ ကျန်းမာရေးကို မဆုံးဖြတ်နိုင်ပါဘူး။

🥗 Calorie တူပေမယ့် အာဟာရတန်ဖိုး မတူနိုင်ပါဘူး။

ဥပမာ-

🍎 အသီးအနှံ
🥬 ဟင်းသီးဟင်းရွက်
🥚 ကြက်ဥ
🐟 ငါး
🫘 ပဲအမျိုးမျိုး
🌾 Whole grains တွေမှာ Calorie အပြင် Protein, Fiber, Vitamins, Minerals စတဲ့ အာဟာရဓာတ်တွေ ရရှိနိုင်ပါတယ်။

အခြားတစ်ဖက်မှာလည်း –

🍰 ကိတ်မုန့်
🥤 သကြားပါအချိုရည်
🍟 အကြော်အလှော်
🍩 မုန့်ချိုများ တွေက Calorie ရရှိစေပေမယ့် အာဟာရတန်ဖိုးနည်းပြီး သကြား၊ အဆီနဲ့ Sodium များနိုင်ပါတယ်။

👉 ဒါကြောင့် “Calorie ဘယ်လောက်စားလဲ” ဆိုတာအပြင် “ဘယ်လိုအစားအစာကနေ Calorie ရရှိလဲ” ဆိုတာလည်း အရေးကြီးပါတယ်။

Carbohydrate, Protein, Fat တို့လည်း သိထားသင့်ပါတယ်

အစားအစာထဲမှာ ခန္ဓာကိုယ်အတွက် အဓိကစွမ်းအင်ပေးနိုင်တဲ့ Macronutrients တွေရှိပါတယ်။

🍚 Carbohydrate
ခန္ဓာကိုယ်အတွက် အဓိကစွမ်းအင်ရင်းမြစ်တစ်ခုဖြစ်ပါတယ်။

🥚 Protein
ကြွက်သား၊ တစ်ရှူးနဲ့ ခန္ဓာကိုယ်အတွင်းရှိ အရေးကြီးတဲ့ ဖွဲ့စည်းပုံများကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

🥑 Fat
စွမ်းအင်ပေးတဲ့အပြင် အချို့သော Vitamins တွေကို စုပ်ယူနိုင်ဖို့နဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများအတွက် လိုအပ်ပါတယ်။ ဒါ့ကြောင့် အာဟာရဓာတ်တစ်မျိုးကို လုံးဝရှောင်တာထက် မျှတစွာစားသုံးခြင်းက ပိုအရေးကြီးပါတယ်။

ဒါ့အပြင် ရေကိုလည်း မေ့ထားလို့ မရပါဘူး ။ ရေမှာ Calorie မရှိသလောက်ဖြစ်ပေမယ့် ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါတယ်။

💧 ရေဓာတ်ထိန်းပေးခြင်း
💧 ခန္ဓာကိုယ်အပူချိန်ထိန်းပေးခြင်း
💧 အာဟာရဓာတ်များ သယ်ယူပို့ဆောင်ရာတွင် ကူညီခြင်း
💧 ခန္ဓာကိုယ်အညစ်အကြေးများ ဖယ်ရှားရာတွင် ကူညီခြင်း

စတဲ့ လုပ်ငန်းတွေမှာ ပါဝင်ပါတယ်။

🏃 Calorie ကို စားတာနဲ့ပဲ မဆုံးဖြတ်ပါနဲ့

ကျန်းမာရေးကောင်းဖို့—

🥗 အာဟာရမျှတစွာစားပါ
🏃 ပုံမှန်ကိုယ်လက်လှုပ်ရှားပါ
💧 ရေလုံလောက်စွာသောက်ပါ
😴 အိပ်စက်ချိန်လုံလောက်ပါ
🍬 သကြားများတဲ့အစားအစာတွေကို လျှော့ပါ
🍟 အလွန်အကျွံအကြော်အလှော်တွေကို လျှော့ပါ
🚭 ဆေးလိပ်ရှောင်ပါ
🍺 အရက်ကို ကန့်သတ်ပါ

တစ်နေ့ကို Calorie ဘယ်လောက်လိုအပ်လဲ?

လူတိုင်းအတွက် တစ်နေ့လိုအပ်တဲ့ Calorie ပမာဏ မတူပါဘူး။

အသက်၊ လိင်၊ ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ ကိုယ်လက်လှုပ်ရှားမှုအဆင့်နဲ့ ကျန်းမာရေးအခြေအနေတို့ပေါ် မူတည်ပြီး လိုအပ်ချက်ကွာခြားနိုင်ပါတယ်။

ဒါကြောင့် “လူတိုင်း တစ်နေ့ Calorie( ___ ) ပဲစားရမယ်” ဆိုပြီး တစ်ခုတည်းသတ်မှတ်လို့ မရပါဘူး။

🌿 ကျန်းမာရေးဆိုတာ Calorie ကို လျှော့စားရုံနဲ့ မပြီးပါဘူး။

အာဟာရမျှတတဲ့အစားအစာ + သင့်တော်တဲ့ Calorie + ပုံမှန်ကိုယ်လက်လှုပ်ရှားမှု + လုံလောက်တဲ့အိပ်စက်မှု + ကျန်းမာတဲ့နေထိုင်မှုပုံစံ

ဒီအရာတွေကို ပေါင်းစပ်ပြီး ရေရှည်ထိန်းသိမ်းနိုင်မှ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 💚