ဒဏ်ရာ/အနာ အမျိုးအစားများ

ဒဏ်ရာ Wound ဆိုတာဘာလဲ???

ဒဏ်ရာ (Wound) ဆိုတာ အရေပြား သို့မဟုတ် ခန္ဓာကိုယ်အတွင်းရှိ တစ်ရှူးများ ထိခိုက်ပျက်စီးခြင်းကို ဆိုလိုပါတယ်။

Wound တွေမှာဆိုရင် သေးငယ်သော အရေပြားပွန်းခြင်းမှစ၍ အရေပြားအောက်ရှိ တစ်ရှူးများ၊ သွေးကြောများ၊ အာရုံကြောများနှင့် ကြွက်သားများအထိ ထိခိုက်နိုင်တဲ့ ပြင်းထန်သည့်ဒဏ်ရာများအထိ ရှိနိုင်ပါတယ်။

ဒဏ်ရာအမျိုးအစားတွေကို မှန်ကန်စွာသိရှိထားဖို့ အရေးကြီးပါတယ်။ သို့မှသာ သင့်လျော်သော ကုသမှုပေးနိုင်ပြီး အနာကောင်းကောင်း ကျက်မှာပဲဖြစ်ပါတယ်။

Types of Wounds
ဒဏ်ရာ အမျိုးအစားများ

Wound ကို အဓိကအားဖြင့် ၂ မျိုးခွဲနိုင်ပါတယ်။

1. Open Wound (အရေပြားပွင့်သော ဒဏ်ရာ)

Open wound ဆိုတာ အရေပြားပေါက်ပြဲပြီး အတွင်းရှိတစ်ရှူးများကို ပြင်ပပတ်ဝန်းကျင်နှင့် ထိတွေ့စေသော ဒဏ်ရာဖြစ်ပါတယ်။

အဖြစ်များသော Open Wound အမျိုးအစားများမှာ –

  • Abrasion ( အရေးပြားပွန်းခြင်း )
  • Laceration ( အရေပြာပြဲခြင်း )
  • Puncture Wound ( ထိုးဖောက်ဒဏ်ရာ )
  • Burn ( အပူလောင် ဒဏ်ရာ )
  • Avulsion ( အသားစပြတ်ချင်း/ပြဲထွက်ခြင်း )

2. Closed Wound (အရေပြားမပွင့်သော ဒဏ်ရာ)

Closed wound ဆိုတာကတော့ အရေပြား၏ အပြင်ဘက်မျက်နှာပြင် မပေါက်ပြဲသော်လည်း အရေပြားအောက်ရှိ တစ်ရှူးများ ထိခိုက်ပျက်စီးသည့် ဒဏ်ရာဖြစ်ပါတယ်။ ထိခိုက်သည့်နေရာတွင် အညိုအမည်းစွဲခြင်း၊ ရောင်ရမ်းခြင်း တို့ ဖြစ်နိုင်ပါတယ်။

  • Contusion/Bruise ( အညိုအမည်းစွဲခြင်း )
  • Hematoma ( သွေးခြေဥခြင်း )

Acute Wound & Chronic Wound

ဒဏ်ရာများကို အနာကျက်ရန်ကြာချိန်နှင့် အနာကျက်ခြင်းဖြစ်စဉ်အပေါ် မူတည်၍လည်း Acute Wound နှင့် Chronic Wound ဟူ၍ ခွဲခြားနိုင်ပါသေးတယ်။

⚡ Acute Wound

ပုံမှန်အနာကျက်ခြင်းဖြစ်စဉ်အတိုင်း တဖြည်းဖြည်းကျက်လာပြီး သတ်မှတ်ထားသည့်ကာလအတွင်း အနာကျက်နိုင်သော ဒဏ်ရာများ ဖြစ်ပါတယ်။

ဥပမာ –

  • ခွဲစိတ်ပြီးနောက် ဖြစ်သော ဒဏ်ရာ(Surgical Wounds)
  • ထိခိုက်ဒဏ်ရာ
  • အချို့သော မီးလောင်ဒဏ်ရာများ (Burns)

🕐 Chronic Wound

မျှော်မှန်းထားသည့်အချိန်အတွင်း မကျက်ဘဲ အနာကျက်ခြင်းဖြစ်စဉ် တစ်နေရာတွင် ရပ်တန့်နေသော သို့မဟုတ် ကြာရှည်စွာ မကျက်နိုင်သော ဒဏ်ရာများ ဖြစ်ပါတယ်။

ဥပမာ –

  • Diabetic Foot Ulcer (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ)
  • Pressure Ulcer (ဖိအားကြောင့်ဖြစ်သော အနာ)
  • အချို့သော သွေးကြောဆိုင်ရာ အနာများ

Reference

MNT | What to know about types of wound healing?