
အိပ်စက်ခြင်းဆိုင်ရာ ရောဂါတစ်ခုခု (ဥပမာ – အိပ်ဟောက်ရှူပိတ်ရောဂါ) ရှိနေတယ်လို့ သံသယရှိတဲ့အခါ ဆရာဝန်က အိပ်စက်ခြင်းကို စစ်ဆေးတဲ့ Sleep Study Test ပြုလုပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။
Sleep Test အကြောင်း လေ့လာကြည့်ရင် Level 1, Level 2, Level 3 ဆိုပြီး သုံးမျိုးရှိတာကို တွေ့ရပါလိမ့်မယ်။
Level 1 နဲ့ Level 2 ကို Polysomnography လို့ ခေါ်ဆိုပြီး Level 3 ကိုတော့ Home Sleep Apnea Test (HSAT) သို့မဟုတ် Portable Monitoring လို့ခေါ်ဆိုကြပါတယ်။
ဒီနေရာမှာ “Level မြင့်တိုင်း ပိုကောင်းတာမဟုတ်ဘဲ မိမိနဲ့ လိုအပ်မယ့် Level ကိုသာ စစ်ဆေးဖို့လိုတယ်” ဆိုတာကို သတိပြုရပါမယ်။ Level တစ်ခုချင်းစီက ဘယ်လိုလူမျိုးတွေအတွက် သင့်တော်လဲဆိုတာအောက်မှာအသေးစိတ်ဖတ်ပေးပါနော်။
Level 3 ကစလို့ စစ်ဆေးလို့ရနိုင်တဲ့ အချက်အလက်များက Level မြင့်လေ များသွားလေပါ။ စစ်ဆေးမဲ့ လူနာပေါ်မူတည်ပြီး ကြည့်ရှုရမဲ့ အချက်ပေါ်မူတည်ကာ ဘယ်Level ကိုစစ်ရမလဲဆိုတာ ဆရာဝန်က ညွှန်ကြားပေးတာပါ။ ဥပမာ အိပ်ဟောက်ရှူပိတ်ရောဂါရှိမရှိ သိချင်ရုံလူနာ ဆိုလျှင် Laboratory ထဲမှာ Technician တစ်ယောက်က စောင့်ကြည့်ရတဲ့ Level 1 Sleep Test လောက်မလိုအပ်ပါဘူး။ ဒီလို လူနာမှာတော့ဆရာဝန်က Level 3 Sleep Test ကိုသာ စစ်ကြည့်ဖို့ညွှန်ကြားမှာပါ။
Level 3 Sleep Study

Level 3 Sleep Study ဟာ အရမ်းကို ရိုးရှင်းပြီး အိမ်မှာတင် သက်တောင့်သက်သာ စစ်ဆေးနိုင်တဲ့ Test ဖြစ်ပါတယ်။ (BMC Polywatch စက်နဲ့ စစ်ဆေးနိုင်တဲ့ အချက်အလက်တွေဟာလည်း ဒီ Level 3 နဲ့ အတူတူပဲ ဖြစ်ပါတယ်)။
🔷ဘယ်သူတွေ စစ်ဆေးသင့်လဲ: မိမိကိုယ်ကိုယ် အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ရှိမရှိ သိချင်ရုံပဲဆိုရင် Laboratory ထဲမှာ Technician တစ်ယောက်က စောင့်ကြည့်ရတဲ့ Level 1 အထိ လုပ်ဖို့ မလိုပါဘူး။ ဒီလိုလူနာတွေအတွက် Level 3 က အသင့်တော်ဆုံး ဖြစ်ပါတယ်။
🔷ထူးခြားချက်: ဆေးရုံမှာလိုမျိုး ကြိုးပေါင်းများစွာ တပ်ဆင်စရာမလိုသလို၊ ကျွမ်းကျင်သူက ဘေးကနေ စောင့်ကြည့်နေတာမျိုးလည်း မရှိပါဘူး။ မိမိအိမ်မှာတင် Sleep Study Kit လေးကို တပ်ဆင်ပြီး ပုံမှန်အတိုင်း အိပ်စက်စစ်ဆေးရုံပါပဲ။
🔷သိရှိနိုင်တဲ့ အချက်အလက်များ: အသက်ရှူနှုန်းနှင့် အသက်ရှူသည့်ပုံစံ၊ သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ နှလုံးခုန်နှုန်း။
Level 2 Sleep Study

Level 2 ကတော့ Level 3 ထက် စစ်ဆေးလို့ရတဲ့ အချက်အလက်တွေ ပိုမိုများပြားလာပြီး ပိုပြီးတော့လည်း Sensitive ဖြစ်တဲ့ Test တစ်ခု ဖြစ်ပါတယ်။
အိမ် သို့မဟုတ် ဆေးရုံမှာ စစ်ဆေးလို့ရပါတယ်။
🔷ထူးခြားချက်: ခြေထောက်နဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုတွေ (Leg and Body Movement) ပါ တိုင်းတာနိုင်တဲ့အတွက် “Periodic Limb Movement Disorder (PLMD)” လို့ခေါ်တဲ့ အိပ်နေစဉ် ခြေလက်လှုပ်ရှားတဲ့ ရောဂါ ရှိမရှိ သိနိုင်သလို၊ ကောင်းမွန်စွာ အိပ်ပျော်ခြင်း ရှိမရှိကိုပါ အကဲဖြတ်နိုင်ပါတယ်။ အိမ်မှာဖြစ်စေ၊ ဆေးရုံမှာဖြစ်စေ စစ်ဆေးနိုင်ပါတယ်။
🔷သိရှိနိုင်တဲ့ အချက်အလက်များ: Level 3 မှာ သိနိုင်တဲ့အချက်တွေအပြင် ဦးနှောက်လှုပ်ရှားမှု (EEG)၊ မျက်လုံးလှုပ်ရှားမှု (EOG)၊ ကြွက်သားလှုပ်ရှားမှု (EMG)၊ Respiratory Efforts (အသက်ရှူဖို့ ခန္ဓာကိုယ်က အားစိုက်ထုတ်မှု) နှင့် Oxygen Saturation (အောက်ဆီဂျင်ပြည့်ဝမှု) တို့ကိုပါ အသေးစိတ် သိရှိနိုင်ပါတယ်။
🔷ဘယ်သူတွေ စစ်ဆေးသင့်လဲ: အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ဖြစ်နိုင်ခြေ နည်းသော်လည်း ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုး မရရှိဘဲ အိပ်ရေးမဝသူများ စစ်ဆေးသင့်ပါတယ်။
Level 1 Sleep Study

Level 1 Sleep Study က Laboratory ထဲမှာ လိုအပ်တဲ့ပိုက်နဲ့ စက်တွေတပ်ပြီး ကျွမ်းကျင်သူက စောင့်ကြည့်ပေးမှာပါ။သိရှိနိုင်တဲ့ အချက်တွေကLevel 2 နဲ့တူတူပဲဖြစ်ပြီး ကွာခြားသွားတာက စစ်ဆေးမည့်သူက Laboratory ထဲမှာ အိပ်စက်ရမှာ ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Registered Polysomnographic Technologist (RPSGT) က အချိန်နဲ့ အမျှ စောင့်ကြည့်နေမှာပါ။ ဒါကြောင့် REM Sleep Behaviour Disorder ကိုသိစေနိုင်တာကလွဲပြီး Level 2 နဲ့ကွာခြားမှုသိပ်မရှိပါဘူး။ အခြား နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် Neuromuscular ရောဂါတွေရှိတဲ့ လူနာများကတော့ Level 1 Sleep Study ကိုသာ စစ်ဆေးသင့်ပါတယ်။
🔷သိနိုင်တဲ့အချက်အလက်များ – Level 2 နှင့် တူသည်။
🔷ဘယ်သူတွေစစ်ရမလဲ – Same as Level 2 but Doctor suspect more serious sleep-related conditions.
Note – Level 1 Sleep Study လုပ်မဲ့သူတွေကတော့ မိမိကို စောင့်ကြည့်နေတဲ့သူတစ်ယောက်ရှေ့မှာ အိပ်စက်ဖို့ သက်တောင့်သက်သာ ဖြစ်ရပါမယ်။

