✨နားအူတဲ့ဝေဒနာကို တိတ်တဆိတ် ကုသပေးမယ့် “Notch Therapy”

နားထဲမှာ လေချွန်သံ၊ ဝီဝီသံ ဒါမှမဟုတ် ပုစဉ်းရင်ကွဲအော်သံလိုမျိုး အသံတွေ အမြဲမြည်နေတဲ့ နားအူဝေဒနာ (Tinnitus) ကို ခံစားနေရပါသလား။ 🤫 ဒီဝေဒနာက စိတ်ဖိစီးမှုဖြစ်စေရုံတင်မကဘဲ အိပ်စက်ခြင်းနဲ့ အာရုံစူးစိုက်မှုကိုပါ ဒုက္ခပေးလေ့ရှိပါတယ်။

ဒီနားအူတဲ့ဝေဒနာကို သက်သာစေဖို့ သာမန်နားအူပျောက်ကုထုံးတွေနဲ့ လုံးဝမတူဘဲ နောက်ဆုံးပေါ် နည်းပညာတစ်ခုဖြစ်တဲ့ “Notch Therapy” (အသံလှိုင်းဖြတ်တောက်ကုသနည်း) အကြောင်းကို ဝေမျှပေးချင်ပါတယ်။

🧐 Notch Therapy ဆိုတာ ဘာလဲ?

Notch Therapy က သာမန် နားအူပျောက်ကုထုံးတွေလို နားအူသံကို မကြားရအောင် ရေလှိုင်းသံ၊ မိုးရွာသံ (White Noise) စတဲ့ အသံအသစ်တွေနဲ့ ဖုံးအုပ်ပစ်တာ မဟုတ်ပါဘူး။ နားထဲမှာ မြည်နေတဲ့ နားအူသံ (Tinnitus) ရဲ့ အတိုးအကျယ်နဲ့ တုန်ခါနှုန်း (Frequency) ကို တိတိကျကျ ရှာဖွေပြီး၊ အဲ့ဒီစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အသံလှိုင်းတစ်ခုတည်းကိုပဲ သီးသန့် ဖြတ်တောက် (Notch) ပေးလိုက်တဲ့ ခေတ်မီကုသနည်း ဖြစ်ပါတယ်။

🧠 Notch Therapy က ဘယ်လိုကုသပေးတာလဲ?

  1. အသံကို စစ်ထုတ်ပေးခြင်း (Frequency Removal): နားအူသံရဲ့ Frequency တိတိကျကျကို တိုင်းတာပြီး အဆင့်မြင့် နားကြားကိရိယာ ဆော့ဖ်ဝဲလ်ကနေတစ်ဆင့် ပတ်ဝန်းကျင်က ဝင်လာတဲ့ အသံတွေထဲက အဲ့ဒီ Frequency (ကြိမ်နှုန်း) တစ်ခုတည်းကိုပဲ လုံးဝဖြတ်တောက် (Notch) ပစ်လိုက်ပါတယ်။
  2. ဦးနှောက်ဆဲလ်တွေကို ငြိမ်သက်စေခြင်း (Lateral Inhibition): နားအူခြင်းကို ဖြစ်စေတဲ့ ဦးနှောက်ရဲ့ အာရုံကြောဆဲလ်တွေကို တဖြည်းဖြည်းချင်း သဘာဝအတိုင်း ငြိမ်သက်သွားအောင် လေ့ကျင့်ပေးပါတယ်။
  3. စိတ်အနှောင့်အယှက်မဖြစ်စေခြင်း (Inaudible Treatment): တခြား ဆူညံတဲ့ အသံတွေကို အပြင်က ထည့်ပေးစရာမလိုဘဲ အနောက်ကွယ်ကနေ တိတ်တဆိတ် ကုသပေးတာကြောင့် နေ့စဉ်လူနေမှုဘဝကို အနှောင့်အယှက်မဖြစ်စေပါဘူး။

💡 ဘယ်လိုနားအူတာမျိုးအတွက် သင့်တော်လဲ?

အသံတစ်မျိုးတည်းမြည်သူများ (Tonal Tinnitus) လေချွန်သံ၊ ဝီဝီသံ၊ တစီစီမြည်သံလိုမျိုး ပုံသေအသံလှိုင်းကို ကြားနေရသူတွေအတွက်ပဲ ထိရောက်ပါတယ်။ နှလုံးခုန်သံအတိုင်း မြည်တာ (Pulsatile Tinnitus)၊ တဖျတ်ဖျတ်မြည်တာ သို့မဟုတ် ဆူညံသံမျိုးစုံ ရောနေတဲ့ နားအူခြင်းတွေအတွက်တော့ သုံးလို့မရပါဘူး။

⏳ ကုသမှုခံယူမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

  • ဒီနည်းပညာ (Notch Therapy) ကို ခေတ်မီ နားကြားကိရိယာ (Hearing Aids) အဆင့်မြင့်မော်ဒယ်တွေမှာ ထည့်သွင်းအသုံးပြုကြတာ ဖြစ်ပါတယ်။
  • Notch Therapy ဟာ ဆေးသောက်သလို ချက်ချင်းပျောက်ကင်းတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဦးနှောက်ကို ပြန်လည်ပြုပြင်ရတာ (Neuroplasticity) ဖြစ်တဲ့အတွက် နေ့စဉ် ပုံမှန်တပ်ဆင်ပြီး ၃ လမှ ၁ နှစ်အထိ အချိန်ယူ ကုသရလေ့ရှိပါတယ်။
  • ကျွမ်းကျင်တဲ့ နားအထူးကု သို့မဟုတ် Audiologist နဲ့ သေချာစမ်းသပ်ပြီး သင့်နားအူသံရဲ့ အကြိမ်နှုန်းကို စက်ထဲမှာ တိတိကျကျ ထည့်သွင်း ချိန်ညှိရတာ ဖြစ်ပါတယ်။ မိမိဘာသာ စိတ်ကြိုက် ချိန်ညှိလို့ မရပါဘူး။