
💠Oxygen Concentrator ဆိုတာ ဘာလဲ?
🫁 Oxygen Concentrator (အောက်စီဂျင် စုစည်းစက်) ဆိုတာ အခန်းထဲက ပုံမှန်လေထုကို စက်ထဲသို့ စုပ်ယူပြီး Nitrogen ကို ဖယ်ရှားကာ Oxygen ပါဝင်မှုမြင့်တဲ့ လေကို လူနာထံ ပေးပို့ပေးတဲ့ စက် ဖြစ်ပါတယ်။ အများအားဖြင့် PSA (Pressure Swing Adsorption) နည်းလမ်းနဲ့ Molecular Sieve ကို အသုံးပြုပါတယ်။
⚙️ ဘယ်လိုအလုပ်လုပ်သလဲ?
Room Air → Filter → Compressor → Molecular Sieve → Oxygen → Flowmeter → Patient
- 🌬️ Room air ကို စက်ထဲ စုပ်ယူတယ်။
- 🧹 Filter က ဖုန်နဲ့ အညစ်အကြေးတွေကို စစ်ထုတ်တယ်။
- 🔧 Compressor က လေကို ဖိအားပေးတယ်။
- 🧪 Molecular sieve က Nitrogen ကို စုပ်ယူပြီး Oxygen ကို ပိုမိုစုစည်းပေးတယ်။
- 💨 ရရှိလာတဲ့ Oxygen ကို Flowmeter ကနေ သတ်မှတ်ထားတဲ့ L/min အတိုင်း လူနာထံ ပို့ပေးတယ်။
💠Oxygen Concentrator ဝယ်ရင် ဘာတွေကြည့်ရမလဲ?
Oxygen Concentrator ဝယ်ရင် အများစုက လေပြင်းအား Flow Rate ဖြစ်တဲ့ လီတာ Liter/min တစ်ခုတည်းကိုပဲ ကြည့်ဝယ် ကြည့်ရောင်း လုပ်နေကြတယ်။ အဓိက အရေးကြီးတဲ့ Features တစ်ခု ဖြစ်တဲ့ အောက်စီဂျင် သန့်စင်နှုန်း Oxygen Purity ကို ကြည့်တဲ့သူ နည်းပါတယ်။ အဲ့ဒါအပြင် အမြင့်ဆုံး လေပြင်းအား Maximum L/min (E.g. 5L OC အတွက်ဆို 5L/min, 10L OC အတွက်ဆို 10L/min) အပြည့်တင်ထားလိုက်ရင် အောက်စီဂျင် သန့်စင်နှုန်း Oxygen Purity ဘယ်လောက် ရာခိုင်နှုန်း ရောက်သလဲ ဆိုတာကို ထပ်ကြည့်ဖို့ လိုပါတယ်။ ဒီအချက်ကပဲ Oxygen Concentrator ကို Medical grade လား Non-Medical grade (Adjustable type) လား ဆိုတာ ဆုံးဖြတ်ပေးတာပါ။
💠Medical Grade (vs) Non-Medical Grade
Medical Grade Oxygen Concentrator အမျိုးအစား တွေသည် Flow rate အပြည့်တင်ရင်တောင် Purity 90% နားအထိ ရအောင် စွမ်းဆောင်နိုင်ပါသည်။ များသောအားဖြင့် Watt များပြီး အလေးချိန် တော်တော်လေးပါပြီ။
Non-Medical grade or Adjustable လို့ခေါ်တဲ့ သိပ်မကောင်း သိပ်မစွန် (မရှိတာထက်တော့ အဆင်ပြေတဲ့) Oxygen Concentrator ကတော့ 7L-9L အထိ flow rate များပေမယ့် 1-2L/min အထိပဲ Purity 90% အထက် ပေးနိုင်တာပါ။ Flow rate တင်လေ Purity ကျလေပဲ ဖြစ်ပါတယ်။
ရောဂါကြောင့်သုံးမယ်ဆိုရင် Medical Grade ကိုပဲသုံးရပါမယ်။ Non Medical Grade ကို မှားသုံးမိရင် Oxygen လဲ ရမှာမဟုတ်သလို ရောဂါပိုဆိုးသွားစေပါတယ်။
Oxygen Concentrator Brand တိုင်းမှာ 2မျိုးစလုံး ရှိနေတတ်တယ်။ တရုတ်တံဆိပ် Yuwell ဆိုရင် တံဆိပ်ကောင်းပါ။ ဒါပေမယ့် ၂မျိုးစလုံး ရှိတယ်။ USA, NZ, Europe Made တွေကတော့ adjustable တွေ မထုတ်ပါဘူး။ (China) တရုတ်ထုတ်တွေကတော့ ၂မျိုးစလုံး ရှိနေတတ်တော့ သတိထားကြည့်ဝယ်ပါ။ လူတိုင်း သွင်းနိုင်တဲ့ခေတ်ကြီးထဲ Ethic မရှိတဲ့ တရုတ်တံဆိပ် အမျိုးမျိုးကလည်း Adjustable type ကို flow rate အဆုံးတင်တောင် Purity 90 +/-3% မကျအောင် ကောင်းတဲ့ Medical grade ဈေးနီးပါး ရောင်းနေပါတယ်။ တရုတ်စက်ကိုပဲ အခြားနိုင်ငံထုတ် ပုံစံရောင်းနေတာမျိုးလည်း ရှိပါတယ်။
တတ်နိုင်ရင်တော့ Medical Grade 5L or 10L သာ ရှာဝယ်ဖို့ Recommend ပေးပါတယ်။
