Liver Fibrosis (အသည်းအမာရွတ်ဖြစ်ခြင်း)

Liver Fibrosis ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းတွေကတော့

  • အရက်ကို ပုံမှန်နှင့် အလွန်အကျွံ သောက်သုံးသူများ
  • အဝလွန်သူများ
  • ဆီးချိုရောဂါရှိသူများ
  • သွေးတွင်းအဆီဓာတ် မြင့်မားသူများ
  • Hepatitis B သို့မဟုတ် Hepatitis C ရှိသူများ
  • ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူများ
  • အသည်းကို ထိခိုက်စေနိုင်သော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ သုံးစွဲသူများ
  • ဒီလိုအခြေအနေတွေရှိသူတွေမှာ Liver Fibrosis ဖြစ်နိုင်ခြေ ပိုမိုမြင့်မားနိုင်ပါတယ်။

Liver Fibrosis ရဲ့ အစောပိုင်းအဆင့်တွေမှာ သိသာတဲ့ လက္ခဏာ မပြတတ်ပါဘူး။ ဒါကြောင့် အသည်းထိခိုက်မှုရှိနေတာကို မသိဘဲ ရှိနေနိုင်ပါတယ်။

တဖြည်းဖြည်းရောဂါပိုမိုဆိုးရွားလာတဲ့အခါ—

  • ပင်ပန်းနွမ်းနယ်ခြင်း
  • အားနည်းခြင်း
  • အစာစားချင်စိတ် လျော့နည်းခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • အသားနှင့် မျက်လုံးဝါခြင်း
  • ခြေထောက်များ ဖောခြင်း
  • ဝမ်းဗိုက်အတွင်း ရေစုခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

Liver Fibrosis ဖြစ်စေတဲ့ အကြောင်းရင်းကို မကုသဘဲထားပါက အသည်းအမာရွတ်တွေ တဖြည်းဖြည်း ပိုများလာပြီး အသည်းခြောက်ခြင်း (Cirrhosis) ဖြစ်နိုင်ပါတယ်။

ထို့အပြင် —

  • အသည်းလုပ်ငန်းဆောင်တာ ပျက်စီးခြင်း (Liver Failure)
  • ဝမ်းဗိုက်အတွင်း ရေစုခြင်း (Ascites)
  • အစာမျိုပြွန်နှင့် အစာအိမ်ရှိ သွေးကြောများမှ သွေးထွက်ခြင်း
  • Hepatic Encephalopathy ကြောင့် စိတ်ရှုပ်ထွေးခြင်း
  • အသည်းကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်လာခြင်း စတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။


အသည်းကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းပြီး Liver Fibrosis ဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန်
✅ အရက်သောက်သုံးမှုကို ရှောင်ကြဉ်ပါ သို့မဟုတ် တက်နိုင်သလောက်လျှော့ချပါ
✅ ကိုယ်အလေးချိန်ကို ကျန်းမာသောအတိုင်းအတာအတွင်း ထိန်းသိမ်းပါ
✅ အဆီနှင့် သကြားဓာတ်များလွန်းသော အစားအစာများကို လျှော့ချပါ
✅ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
✅ Hepatitis B ကာကွယ်ဆေး ထိုးပါ
✅ Hepatitis B နှင့် C ရှိ/မရှိ လိုအပ်ပါက စစ်ဆေးပါ
✅ ဆေးဝါးများနှင့် အာဟာရဖြည့်စွက်ပစ္စည်းများကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ
✅ အသည်းရောဂါဖြစ်နိုင်ခြေရှိသူများအနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီး ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပါ