
မနက်အိပ်ရာထတာနဲ့ နှာချေတာ ၊ နှာရည်ယို ၊ နှာခေါင်းပိတ် ၊ နှာခေါင်းယားတာတွေ ဖြစ်နေပါသလား?
ဒီလိုလက္ခဏာတွေ မကြာခဏ ခံစားနေရပြီဆိုရင် ရိုးရိုးအအေးမိတာ မဟုတ်ဘဲ ဓာတ်မတည့်မှုကြောင့် နှာခေါင်းရောင်ရမ်းခြင်း (Allergic Rhinitis) ဖြစ်နိုင်ပါတယ်။
🤧Allergic Rhinitis (ဓာတ်မတည့်မှုကြောင့် နှာခေါင်းရောင်ရမ်းခြင်း) ဆိုတာ ဘာလဲ?
Allergic Rhinitis (ဓာတ်မတည့်မှုကြောင့် နှာခေါင်းရောင်ရမ်းခြင်း) ဆိုတာ—
ပုံမှန်အားဖြင့် ခန္ဓာကိုယ်ကို အန္တရာယ်မပြုတဲ့ ဖုန်မှုန့်၊ Dust Mites၊ ပန်းဝတ်မှုန်၊ အိမ်မွေးတိရစ္ဆာန်အမှုန်အမွှား စတဲ့အရာတွေကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် (immune system) က “အန္တရာယ်ရှိတယ်” လို့ သတ်မှတ်ပြီး အလွန်အမင်းတုံ့ပြန်မှုကြောင့် နှာခေါင်းအတွင်း ရောင်ရမ်းလာတာ ဖြစ်ပါတယ်။
🔍 ဘာတွေကြောင့် Allergic Rhinitis ဖြစ်တာလဲ?
အဓိကအကြောင်းအရင်းကတော့ မိမိနှင့် မတည့်တဲ့ allergen နဲ့ ထိတွေ့မိတာကြောင့် ဖြစ်ပါတယ်။
အိမ်တွင်းမှာရှိနိုင်တဲ့
- 🕷️ Dust Mites – အိပ်ရာ၊ ခေါင်းအုံး၊ စောင်တွေမှာ ရှိနိုင်တဲ့ ပိုးမွှားလေးများ
- 🌫️ House Dust – အိမ်တွင်းဖုန်မှုန့်
- 🐱 Pet Dander – ကြောင်/ခွေး စတဲ့ အိမ်မွေးတိရစ္ဆာန်များမှ အမှုန်အမွှားများ
- 🍄 Mold – စိုစွတ်တဲ့နေရာတွေမှာ ရှိတဲ့ မှိုတွေ
အပြင်မှာတွေ့ရနိုင်တဲ့
- 🌼Pollen – အချိုအပင်များရဲ့ ဝတ်မှုန်များ
- 🚬 ဆေးလိပ်ငွေ့၊ အနံ့ပြင်းတဲ့အရာများ၊ လေထုညစ်ညမ်းမှု တွေက နှာခေါင်းကို ပိုမိုယားယံ/ရောင်ရမ်းစေနိုင်တဲ့ အဓိက အကြောင်းအရင်း တွေပဲ ဖြစ်ပါတယ်။
Allergic Rhinitis ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရမလဲ?
👃နှာခေါင်းမှာ — ဆက်တိုက်နှာချေခြင်း ၊ နှာရည်ယိုခြင်း ၊ နှာခေါင်းယားခြင်း ၊ နှာခေါင်းပိတ်ခြင်း
👀မျက်လုံးမှာ— မျက်လုံးယားခြင်း ၊ မျက်ရည်ကျခြင်း ၊ မျက်လုံးနီခြင်း စတဲ့ လက္ခဏာတွေကြောင့် ညဘက်အိပ်မပျော်ခြင်း ၊ နေ့ခင်းဘက် ပင်ပန်းနွမ်းနယ်ခြင်း ၊ စာလေ့လာရာမှာ အာရုံစူးစိုက်ရခက်ခြင်း ၊ အလုပ်လုပ်ရာမှာ performance ကျဆင်းခြင်း တို့ဖြစ်နိုင်ပြီး နေ့စဉ်ဘဝကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
ဓာတ်မတည့်မှုရှိတဲ့ သူတွေက လက္ခဏာတွေ ဖြစ်မလာအောင် ဘယ်လိုကာကွယ်ကြမလဲ?
၁။ လက္ခဏာ ဖြစ်စေတဲ့ အကြောင်းအရာကို သိအောင်ကြိုးစားပါ။
“ဘယ်အချိန်မှာ ပိုနှာချေလဲ?”
“ဖုန်တွေ့ရင် ပိုဆိုးလား?”
“အိပ်ရာဝင်တဲ့အခါ ပိုနှာပိတ်လား?” စတဲ့ အချက်တွေကို သတိထားကြည့်ခြင်းက causes ကိုသိရှိအောင် ကူညီပေးပါတယ်။
၂။ အိမ်တွင်းဖုန်မှုန့် လျှော့ချပါ။
- အိမ်ကို ပုံမှန်သန့်ရှင်းပါ
- အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင်တွေကို ပုံမှန်လျှော်ပါ
- ဖုန်စုပုံလွယ်တဲ့ အရာတွေကို လျှော့ပါ
၃။ ဆေးလိပ်ငွေ့ကို ရှောင်ပါ။
၄။ နှာခေါင်းသန့်ရှင်းရေးကို ဂရုစိုက်ပါ ။
၅။ ဖုန်မှုန့် များတဲ့ နေရာမှာ Mask ကိုသေချာတပ်ပါ။
🤷♀လက္ခဏာတွေ မကြာခဏ ဖြစ်လာရင်ရော?
မကြာခဏ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ သင့်တော်တဲ့ အထူးကုဆရာဝန်နဲ့ သေချာ ပြသပြီး ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။
“နှာခေါင်းကျန်းမာမှ အသက်ရှူရတာ သက်သာမယ်။
အသက်ရှူကောင်းမှ နေ့စဉ်ဘဝလည်း ပိုကောင်းလာမယ်။ ဒါကြောင့် နှာခေါင်းကျန်းမာရေးကို ဂရုစိုက်ပါ”
