နားကြားကိရိယာမဝယ်ခင်စဥ်းစားသင့်သောအချက်များ

နားကြားကိရိယာဝယ်ဖို့ စဥ်းစားရတာက လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ဒါကြောင့် နားကြားကိရိယာဝယ်မယ်ဆိုရင် အဓိက စဥ်းစားရမဲ့ အချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။

နားကြားကိရိယာတပ်မယ်ဆိုရင် တကယ်တပ်ဖို့လိုအပ်လားဆိုတာ အရေးကြီးပါတယ်။ အရင်ဆုံး သင့်ရဲ့ အကြားအာရုံအတိုင်းအတာကို သိရှိရန် Audiologist သို့မဟုတ် ဆရာဝန်နှင့် အရင်ပြသသင့်ပါတယ်။

တစ်ချို့သော အကြားအာရုံ ထိခိုက်ခြင်းတွေက နားကြားကိရိယာနဲ့ အကူအညီမဖြစ်တာတွေရှိပါတယ်။ သာမန်အကြားအာရုံကျတာမျိုးမဟုတ်ဘဲ နားအကြားအာရုံ ထိခိုက်စေတဲ့ အခြားအကြောင်းအရင်းက သပ်သပ်ရှိနေတာမျိုးကြောင့်ပါ။

လူတော်တော်များများက နားကြားကိရိယာ ဘယ်လိုဝယ်ရမလဲဆိုတာကို မသိဘဲ ဒီတိုင်းဝယ်လိုက်ကြတာများပါတယ်။

အကယ်၍ သင်က ၂ ဖက်လုံးအကြားအာရုံကျနေပြီး တစ်ဖက်က ပိုဆိုးနေတယ်ဆိုရင်တော့ ၂ ဖက်လုံးအတွက် တပ်သင့်ပါတယ်။

အဲ့လိုမှမဟုတ်ရင် နားကြားကိရိယာမတပ်တဲ့ဘက်က အကြားအာရုံ အလွယ်တကူ ကျဆင်းလာမှာဖြစ်ပြီး နားကြားကိရိယာတပ်တာ ငွေကုန်ကြေးကျများတာပဲ ရှိပါမယ်။

နားကြားကိရိယာ Warranty နှင့် Service ဘယ်လိုရှိလဲဆိုတာကို သေချာစွာမေးပါ။

နားကြားကိရိယာတွေ၊ အကြားအာရုံ အထောက်အကူပြု ကိရိယာတွေဆိုတာ နားမကြားရတာ ကို ပျောက်ကင်းအောင် ကုသပေးတဲ့ စက်ပစ္စည်းမျိုးတွေမဟုတ်ပါဘူး။ ဒါကြောင့် စက်မတပ်ခင် သင့်အနေနဲ့ သာမန်လူတွေကြားရသလို သဘာဝဆန်တဲ့ အသံမျိုးကို ကြားရဖို့ မျှော်လင့်ထားလို့မရပါဘူး။

နားကြားကိရိယာတွေက စျေးများလာလေ ပါဝင်တဲ့ Function တွေ နည်းပညာတွေ မြင့်လာလေ ဆိုပေမဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ level ကို ရွေးနိုင်ဖို့က အဓိက ကျပါတယ်။

မိမိအနေနဲ့ အသုံးမလိုလောက်တဲ့ function တွေအစား မိမိအသုံးပြုနိုင်မယ့် အနေအထားကို စျေးသင့်တင့်စွာ ဝယ်ယူခြင်းက အကျိုးရှိနိုင်ပါတယ်။