Asthma ပန်းနာရင်ကျပ် ရောဂါ

ကျွန်တော်တို့ ရှူသွင်းရှူထုတ် လုပ်တဲ့အခါမှာ လေပြွန်များ (သို့မဟုတ်) လေပြွန်ချောင်းလေးတွေကနေတစ်ဆင့် အဆုတ်အတွင်းသို့ လေဝင်လေထွက် ပြုလုပ်ကြပါတယ်။

“ပန်းနာရင်ကျပ်ရောဂါဆိုတာ ဒီလေပြွန်လေးတွေကို ရောင်ရမ်းပြီး ကျဉ်းမြောင်းစေသည့် နာတာရှည် (သို့မဟုတ်) ရေရှည်ခံစားရသော ရောဂါတစ်ခု ဖြစ်ပါတယ်။”

ပန်းနာရင်ကျပ်ရောဂါဟာ ကလေးရော လူကြီးများတွင်ပါ ဖြစ်ပွားနိုင်သော အဓိကကူးစက်ခြင်းမရှိသည့်ရောဂါ (NCD) ရောဂါတစ်ခုဖြစ်ပြီး ကလေးများတွင် အဖြစ်အများဆုံး နာတာရှည်ရောဂါ ဖြစ်ပါတယ်။

ပန်းနာရင်ကျပ် ရောဂါ ဖြစ်စေသော အကြောင်းအရင်းများ

ပန်းနာရင်ကျပ်ရောဂါ ဘာကြောင့်အတိအကျဖြစ်ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ဆေးပညာရှင်တွေမှာ အဖြေတစ်ခုတည်းမရှိပေမဲ့ မျိုးရိုးဗီဇ နဲ့ ပတ်ဝန်းကျင် ပေါင်းစပ်မှုကြောင့်ဖြစ်တယ်လို့တော့ ဆိုကြပါတယ်။

Genetic Factors : အကယ်၍ မိဘတွေမှာ ရောဂါအခံရှိပါက သားသမီးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ American Lung Association ၏ အဆိုအရ မိဘတစ်ဦးတွင် ရောဂါရှိပါက သားသမီး၌ ဖြစ်နိုင်ခြေ ၃ ဆမှ ၆ ဆအထိ ရှိနိုင်ကာ မိဘနှစ်ပါးစလုံးတွင် ရှိပါက ဖြစ်နိုင်ခြေ ၅၀-၇၀% အထိ မြင့်တက်သွားနိုင်ပါတယ်။ 

Environmental & Early Lifestyle exposures : ကလေးဘဝအစောပိုင်းတွင် ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်း၊ မိခင်ဝမ်းဗိုက်အတွင်းရှိစဉ်နှင့် မွေးဖွားပြီးနောက်ပိုင်း ဆေးလိပ်ငွေ့များနှင့် ထိတွေ့ရခြင်း၊ မြို့ပြဒေသများရှိ မီးခိုးငွေ့နှင့် မော်တော်ယာဉ် အိပ်ဇောငွေ့ကဲ့သို့သော လေထုညစ်ညမ်းမှုများ ရှူရှိုက်မိခြင်းတို့သည် ရောဂါဖြစ်ပွားရန် အခွင့်အလမ်းကို သိသိသာသာ မြင့်တက်စေပါတယ်။

Lifestyle & Other Risk Factors : အဝလွန်ခြင်း နှင့် အလုပ်ခွင်အတွင်း ဓာတုပစ္စည်းများ၊ စက်ရုံထွက်ဖုန်မှုန့်များနှင့် သစ်သားမှုန့်များကို ရှူရှိုက်မိခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါ စတင်ဖြစ်ပွားလာနိုင်ပါတယ်။ ကလေးဘဝတွင် ယောင်္ကျားလေးများ၌ ပိုအဖြစ်များပြီး၊ အရွယ်ရောက်ပြီးနောက်ပိုင်း (သို့မဟုတ်) အပျိုဖော်ဝင်ပြီးနောက်ပိုင်းတွင် အမျိုးသမီးများ၌ ပို၍ အဖြစ်များလာတတ်သည်။

ပန်းနာရင်ကျပ် ရောဂါက ဘယ်လိုမျိုးဖြစ်တာလဲ

ပန်းနာရင်ကျပ် ရောဂါ ရှိသူတွေရဲ့  လေပြွန်တွေဟာ အမြဲတမ်းလိုလို အနည်းငယ်တော့ ရောင်နေတက်ပါတယ်။ ဒီလေပြွန်လေး တွေကို Triggers လို့ခေါ်တဲ့ တစ်ခုခုက လှုံ့ဆော်လိုက်မှသာလျှင် “Asthma episode” လို့ခေါ်တဲ့  ပန်းနာရင်ကျပ် ရောဂါဝေဒနာကို ခံစားရတာပဲဖြစ်ပါတယ်။ တစ်ခုခုနဲ့ လှုံ့ဆော်ခံလိုက်ရတဲ့အခါ အောက်ပါအချက်သုံးချက် ဖြစ်ပေါ်လာပါတယ်။

၁။ ရောင်ရမ်းခြင်း (Inflammation): လေပြွန်များ၏ အတွင်းသားနံရံများမှာ ပိုမိုရောင်ရမ်းလာပြီး ယားယံလာသည်။
၂။ ချွဲသလိပ်ထွက်ခြင်း (Mucus Production):  ပျစ်ချွဲသော သလိပ်များကို ထုတ်ပေးပြီး ကျဉ်းမြောင်းနေသော လေပြွန်များကို ပိတ်ဆို့စေသည်။
၃။ လေပြွန်ကျဉ်းခြင်း (Bronchoconstriction) : လေပြွန်ပတ်လည်ရှိ ကြွက်သားများ တင်းကျပ်လာကာ (ညှစ်လိုက်သကဲ့သို့) လေပြွန်များကို အလွန်ကျဉ်းသွားစေသည်။

ဒီအချက် ၃ ချက်ဖြစ်တဲ့အခါမှာ အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေကို ခံစားရတာပဲဖြစ်ပါတယ်။

ခံစားရသော ဝေဒနာများ

  • ရင်ဘတ် တင်းကျပ်ခြင်း (ရင်ဘတ်ကို ကြိုးနှင့် တင်းတင်းချည်ထားသကဲ့သို့ ခံစားရခြင်း)။
  • ချောင်းဆိုးခြင်း (အထူးသဖြင့် ညဘက် သို့မဟုတ် မနက်စောစောတွင် ပိုဆိုးတတ်သည်)။
  • တရွှီရွှီမြည်ခြင်း (အသက်ရှူသည့်အခါ လေချွန်သံကဲ့သို့ အသံထွက်ခြင်း)။
  • မောခြင်း၊ အသက်ရှူမဝခြင်း။

အချုပ်အားဖြင့်‌ ပြောရမယ် ဆိုရင်တော့ ပန်းနာရင်ကျပ်ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသလို့မရပါဘူး။ ဒါပေမဲ့လည်း ထိန်းချုပ်လို့တော့ရပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ပြီး ရောဂါကို လှုံ့ဆော်ပေးတဲ့ အရာများကို ရှာဖွေခြင်းနှင့် မှန်ကန်သော ဆေးဝါးများ အသုံးပြုခြင်းဖြင့် ပန်းနာရင်ကျပ်ရှိသူ အများစုဟာ သာမန်လူများကဲ့သို့ တက်ကြွလှုပ်ရှားသော ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။

ပန်းနာရင်ကျပ် ရောဂါကို လှုံဆော်ပေးသောအရာများ
Asthma Triggers

အဖြစ်အများဆုံးသော ပန်းနာရင်ကျပ်ရောဂါကို လှုံဆော်ပေးတဲ့အရာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Allergies ( ဓာတ်မတည့်စေသော အရာများ )
  • Airborne Irritants ( လေထုထဲရှိ ရောဂါထစေသော အရာများ )
  • Other Health Conditions ( အခြားသော ကျန်းမာရေးအခြေအနေများ )
  • Exercise & other activities ( လေ့ကျင့်ခန်း နှင့် အခြားသော ကိုယ်လက်လှုပ်ရှားမှုများ )
  • Weather Condition ( ရာသီဥတု အခြေအနေ )
  • Strong Emotions ( ပြင်းထန်သော စိတ်ခံစားမှုများ )
  • Medicines ( ဆေးဝါးများ )

Treatment Plan

Coming soon….

RRFERENCE | Asthma and Allergy Foundation of America