Ultrasonic Assisted Wound Debridement

Ultrasonic Assisted Wound Debridement ဆိုတာကတော့ အဆင့်မြင့်နည်းပညာနှင့်ပြုလုပ်ထားတဲ့ အနာကို ဆေးကြောပေးတဲ့ စက်ပဲဖြစ်ပါတယ်။

UAW နည်းပညာက ဘာတွေ ထူးထူးခြားခြား ကောင်းမွန်နေတာလဲ ⁉️

(Ultrasonic Wave) သေးငယ်သောလှိုင်းကို အသုံးပြုထားပြီး အညစ်အကြေးများနှင့် မကောင်းတော့သော တစ်သျှူးများကို အနာ၏အောက်ခြေမှ အလွယ်တကူကွာစေပြီး ကောင်းသောတစ်လျှူးများထိခိုက်မှုကို လျော့နည်းစေပါတယ်။ ပုံမှန်ဓား၊ ကတ်ကြေးတွေနဲ့ အနာကိုသန့်စင်ခြင်းက အသားနုတွေ၊ သွေးကြောမျှင်လေးတွေကို ထိခိုက်စေတတ်ပါတယ်။ UAWမှာကတော့ ရေကို ဖိအားပေးပြီး Ultrasound လှိုင်းနှင့် တုန်ခါစေပြီး ပျက်စီးနေသောတစ်သျှူးများကိုသာ ဖယ်ရှားပေးတာဖြစ်လို့ ‌သွေးထွက်တာကိုနည်းစေပါတယ်။

🦠အညစ်အကြေးများအပြင် ဘတ်တီးရီယားပိုးမွှားများပေါက်ပွားနှုန်း၊ ပိုးကောင်အရေအတွက်ကိုလည်းနည်းစေတဲ့အပြင် ဘတ်တီးရီးယားမှ ထုတ်သော Biofilm လို့ခေါ်တဲ့ ‌ အမြှေးပါး အလွှာကိုလည်း ဖယ်ရှားပေးခြင်းဖြင့် ဆေး၏အာနိသင်ကိုပိုမိုရရှိစေပြီး အနာကျက်ခြင်းကို များစွာအားပေးပါတယ်။

အားသာချက်တွေကတော့

၁။လုံခြုံစိတ်ချရပြီး ကိုင်တွယ်ရအဆင်ပြေခြင်း။

၂။မကောင်းသော၊ ညစ်ပေသောတစ်သျှူးနှင့် အမှုန်အမွှားများ၊ ဘတ်တီးရီးယားမှထုတ်သော အမြှေးပါးလွှာတို့ကို ဖယ်ရှားပေးနိုင်ခြင်း။

၃။ ရေဖိအားများများဖြင့် အညစ်အကြေးများကို သန့်စင်ပေးခြင်း။

၄။ ပိုးမွှားများကိုသေစေနိုင်ခြင်း။

၅။ ကောင်းသောတစ်သျှူးများကို မထိခိုက်စေခြင်း။

၆။ အနာကျက်မြန်စေခြင်း။

၇။ ဆရာဝန်၊ သူနာပြုတို့မှ အလွယ်တကူအသုံးပြုနိုင်ခြင်း။

၈။ လက်ကိုင်အစိတ်ပိုင်းများကို ပြန်လည်သန့်စင် အသုံးပြုလို့ရ၍ အကုန်အကျ သက်သာခြင်း။

✅ဒါဆိုဘယ်လိုအနာတွေမှာသုံးလို့ရနိုင်မလဲ?

🤕နာတာရှည်အနာများဖြစ်သော

ဆီးချိုအနာ၊ အိပ်ရာအနာများ (Bed Sores)၊ ခြေထောက်အနာများ။

🤕လတ်တလောဖြစ်သောအနာများဖြစ်သော

မတော်တဆဒဏ်ရာများ၊ မီးလောင်ဒဏ်ရာ၊ ခွဲစိတ်ပြီးအနာများ၊ ပိုးဝင်သောအနာများ၊ ထိခိုက်ဒဏ်ရာများ။






Lifotronic Care Master Wound Clean System