Smart Mic

Smart Mic ဆိုတာ ဘာလဲ?

Smart Mic ဆိုတာ Bluetooth နဲ့ ချိတ်ဆက်လို့ ရတဲ့ Device မှန်သမျှ ကို နားကြားကိရိယာနဲ့ ချိတ်ဆက် အသုံးပြုလို့ရတဲ့ အားသွင်းနိုင်သော Powerful Electronic Device တစ်ခုပါ။ Smart Mic ကို အသုံးပြုပြီး လက်ထဲမှာ Smartphone ကို ကိုင်စရာမလိုဘဲ တယ်လီဖုန်း ခေါ်ဆိုမှု Telephone Call တွေကို ဖြေလို့ရပါတယ်။ ဒါ့အပြင် ဆူညံသံများတဲ့ နေရာတွေမှာ စကားပြောစက် Microphone တစ်လုံး အနေနဲ့ အသုံးပြုနိုင်ပါတယ်။

Smart Mic ကို ဘာလို့ သုံးသင့်တာလဲ?

၁။ Android Phone တွေနဲ့ တိုက်ရိုက် ချိတ်ဆက်လို့ရခြင်း

၂။ Stereo Quality နဲ့ သီချင်းများ နားထောင်နိုင်ခြင်း

၃။ ကြိုးမဲ့ စကားပြောစက် Microphone အနေနဲ့ အသုံးပြုနိုင်ခြင်း

ဘယ်မှာ သုံးလို့ရနိုင်လဲ?

၁။ Smartphone နဲ့ချိတ်ဆက် ပြီး Headset ကဲ့သို့ အသုံးပြုနိုင်ခြင်း

ဖုန်းဝင်လာလျှင် ဖုန်းကို လက် နဲ့ကိုင်ပြီး နားနားကပ်ပြောရင် နားကြားကိရိယာ အသုံးပြုသူများအတွက် အဆင်မပြေတဲ့အတွက် ဖုန်းထဲမှ အသံကို Smart Mic သို့ ပြောင်းပြီး Smart Mic မှတစ်ဆင့် နားကြားကိရိယာသို့ တိုက်ရိုက် ချိတ်ဆက်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော အသံနှင့် လူနေမှုဘဝ Social Life ကို ရရှိစေပါတယ်။

၂။ သီချင်း နားထောင်ရန် Headphone အနေနဲ့ အသုံးပြုနိုင်ခြင်း

Bluetooth နှင့်ချိတ်ဆက်ထားသော စက် Device မှ ထုတ်လွှတ်လိုက်သော သီချင်းသံကို Smart Mic မှတစ်ဆင့် စတူဒီယို အရည်အသွေး( Stereo Quality) နဲ့ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

၃။ အဝေးတစ်နေရာမှ အသံကို ကြည်လင်စွာ ကြားနိုင်ရန် ကြိုးမဲ့ အဝေး စကားပြောစက် Remote Microphone အနေဖြင့် အသုံးပြုနိုင်ခြင်း

နားကြားကိရိယာ တပ်ဆင်ထားသူတွေ အနေနဲ့ စာသင်ခန်း နှင့် အစည်းအဝေးခန်းများတွင် ဆရာ/ဆရာမ သို့ ဟောပြော တင်ပြသူ ၏ အသံကို ကြည်လင်စွာ ကြားနိုင်ရန် အခက်အခဲ ရှိနိုင်တဲ့အခါ Smart Mic ကို ဟောပြောသူကို တပ်ဆင်ခိုင်းထားပြီး ထို Smart Mic မှ တစ်ဆင့် ဟောပြောသူ အသံကို မိမိ နားကြားကိရိယာသို့ တိုက်ရိုက် ဖမ်းယူ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

၄။ Smart Mic ကို နားကြားကိရိယာ အတွက် ကြိုးမဲ့ထိန်းစက် Remote Control အဖြစ်သုံးနိုင်ခြင်း

အသံအတိုးအကျယ်ကို နားကြားကိရိယာကို မထိဘဲ Smart Mic ဖြင့် လိုသလို ချိန်ညှိ နိုင်ခြင်း။

နားကြားကိရိယာနဲ့ ဘယ်လို ချိတ်ဆက်မလဲ?

၁။ မိမိ ဖုန်းမှ Bluetooth Setting ကို ဖွင့်ပါ။

၂။ Smart Mic တွင် Multifunction button နှင့် Volumn Up button ကို တွဲဖိပါ။ မီးအပြာ ပွင့်လာလျှင် ဖုန်းနှင့် Pairing ဖြစ်ရန် အဆင်သင့်ဖြစ်ပြီ ဖြစ်သည်။

၃။ ဖုန်း Bluetooth Setting ထဲတွင် Smart Mic နှင့် Pair လုပ်ရန် ရွေးပါ။