အဟောက်ကု သွားထိန်းဆိုတာဘာလဲ?

Mandibular Advancement Device (MAD) ဆိုတာ Obstructive Sleep Apnea (OSA) နဲ့ ဟောက်ခြင်း (snoring) ကို ကုသဖို့ အသုံးပြုတဲ့ Oral Appliance (ခံတွင်းထဲတွင် တပ်ဆင်သည့်ကိရိယာ) တစ်မျိုး ဖြစ်ပါတယ်။

၎င်းကို သွားဆရာဝန် (Dentist) သို့မဟုတ် Sleep Medicine Specialist က လူနာရဲ့ သွားပုံစံအတိုင်း ပြုလုပ်ပေးပြီး အိပ်တဲ့အချိန်မှာသာ ဝတ်ဆင်ရပါတယ်။အဟောက်ကု သွားထိန်း Mandibular Advancement Device (MAD) သည် လေ့လာစမ်းသပ်ချက်များ အရ နိုင်ငံတကာတွင် သုံးစွဲနေကြတဲ့ ပစ္စည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာတော့ BioCare ကုမ္ပဏီက တင်သွင်းရောင်းချတဲ့ ပထမဆုံး အဟောက်ကု သွားထိန်းပစ္စည်း ပါ။

ဘယ်လို အလုပ်လုပ်လဲ?

MAD က အောက်မေးရိုး (Mandible) ကို အနည်းငယ် ရှေ့သို့တိုးပေး ပါတယ်။

ဒါကြောင့်—

အိပ်နေစဉ် အသက်ရှူရပ်ခြင်း (Apnea) နဲ့ ဟောက်ခြင်း လျော့နည်းလာတယ်။အောက်မေးရိုး ကို ရှေ့သို့ အနည်းငယ် ငေါထွက်နေခြင်း က လည်ချောင်းရှိ လေပြွန် ပိတ်နိုင်ခြေ ကို လျော့ချပေးနိုင်ပါသည်။

လျှာ (Tongue) က နောက်ကိုကျမသွားတော့ဘူး။

လည်ချောင်းရှိ Soft tissues တွေကြောင့် လေလာရာလမ်းကြောင်းပိတ်တာ လျော့နည်းစေတယ်။

Airway (အသက်ရှူလမ်းကြောင်း) ပိုကျယ်လာတယ်။

ဘယ်သူတွေ အသုံးပြုသင့်လဲ?

MAD ကို အောက်ပါလူနာတွေမှာ အများဆုံး အသုံးပြုသင့်ပါတယ်။

  1. Obstructive Sleep Apnea အိပ်ဟောက်ရှူပိတ်ရောဂါ ရှိသူများ
  2. Snoring Person ဟောက်တတ်တဲ့သူများ
  3. CPAP တပ်၍ မအိပ်တတ်သော OSA ရောဂါရှိသူများ

Severe OSA သမားများ အနေနဲ့ CPAP/BiPAP နဲ့ တွဲ အသုံးပြုလို့လည်း ရနိုင်ပါတယ်။

ဘယ်သူတွေ သုံးဖို့မသင့်တော်ဘူးလဲ?

  • သွားမရှိခြင်း သို့မဟုတ် သွားအရမ်းနည်းခြင်း
  • ပြင်းထန်တဲ့ သွားဖုံးရောဂါ
  • Temporomandibular Joint (TMJ) ပြဿနာရှိသူ

MAD ရဲ့ အားသာချက်များ

✔ အသုံးပြုရလွယ်ကူတယ်။

✔ CPAP လို Mask မလိုဘူး။

✔ သယ်ဆောင်ရလွယ်တယ်။

✔ ခရီးသွားတဲ့အခါ အဆင်ပြေတယ်။

✔ ဟောက်ခြင်းကို သိသိသာသာ လျော့ချပေးနိုင်တယ်။

အားနည်းချက်များ

  • မနက်ပိုင်း မေးရိုးနာနိုင်တယ်။
  • သွားနာခြင်း ဖြစ်နိုင်တယ်။
  • ခံတွင်းခြောက်ခြင်း သို့မဟုတ် တံတွေးများခြင်း ဖြစ်နိုင်တယ်။
  • အချိန်ကြာလာရင် သွားအနေအထား အနည်းငယ်ပြောင်းလဲနိုင်တယ်။
  • Severe OSA အတွက် CPAP လောက် မထိရောက်နိုင်ပါ။

ဘယ်မှာ ဝယ်လို့ ရမလဲ? ဘယ်လောက်လဲ?

AURA Healthcare Centers ရန်ကုန် နဲ့ မန္တလေး မှာ လူကိုယ်တိုင် သွားရောက် ဝယ်ယူလို့ ရပါတယ်။

ဒါမှမဟုတ် AURA Online Store ကနေ ဝယ်ယူလို့ လည်း ရပါတယ်။

ကျသင့်ငွေ ကတော့ USD100 ပါ။

ဘယ်လို တပ်ဆင် အသုံးပြုရမလဲ?