
CPAP စက်တပ်ဆင်ရာမှာ လူနာရဲ့ Compliance ကောင်းတယ်ဆိုတာ ဘယ်လိုမျိုးလဲ?
လူနာရဲ့ Compliance ကောင်းတယ်ဆိုတာ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ လိုက်လံဆောင်ရွက်ပေးခြင်းကို ခေါ်တာပါ။ CPAP တပ်ဆင်ရတဲ့ လူနာတွေအနေနဲ့ –
- တစ်ညကို အနည်းဆုံး ၄ နာရီ တပ်အိပ်ရပါမယ်။
- ဆရာဝန် ပြန်ပြဖို့ သတ်မှတ်ထားတဲ့ အချိန်ကာလရဲ့ ၇၀ ရာခိုင်နှုန်းသော ရက်အရေအတွက် ပြည့်အောင် တပ်အိပ်ရမှာ ဖြစ်ပါတယ်။
အခုမှ စက်စတပ်တဲ့သူတွေအနေနဲ့ CPAP နဲ့ နေသားကျဖို့ ၄ ပတ်ကနေ ၆ ပတ်အထိ အချိန်ပေးရမှာဖြစ်ပြီး၊ စစချင်း တပ်ဆင်သူတွေအနေနဲ့ နှလုံးဆိုင်ရာ စိုးရိမ်ရမှု (Cardiac Risk) နည်းနိုင်သမျှ နည်းအောင် စောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်။
CPAP စက်တွေကမဖြစ်မနေ တပ်အိပ်ဖို့လိုလား?
CPAP စက်တွေက OSA ရောဂါ ကိုကုသဖို့ အကောင်းဆုံး Treatment တစ်ခုဖြစ်တဲ့ PAP Therapy တစ်ခုပါ။ OSA ရောဂါရှိတဲ့သူတွေ ညဘက်အိပ်စက်တဲ့အခါ လည်ပင်းကြွက်သားတွေ ပြေလျော့သွားပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သွားစေတဲ့အတွက် အသက်ရှုရပ်ကာ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။ CPAP စက်တွေက Oxygen ကို Pressure နဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက် ရိုက်ထည့်ပေးတာဖြစ်တဲ့ အတွက် အိပ်စက်စဥ် အသက်ရှူရပ်သွားတဲ့ ပြဿနာကို ဖြေရှင်းပေးပါတယ်။
စက်တပ်နေရင်းနဲ့ AHI ကျသွားတယ်ဆိုရင်စက်ဖြုတ်ရတော့မှာလား? AHI ဘယ်လောက်က Normal လည်း?
စက်တပ်နေရင်းနဲ့ AHI ကျသွားတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာတစ်ခုပါ။ ဒါပေမဲ့ AHI ဟာ တစ်ညတာမှာ အသက်ရှူရပ်သွားခြင်း၊ Oxygen ကျသွားခြင်းကိုတိုင်းတာတဲ့ စံတစ်ခုသာဖြစ်ပြီး လူနေမှုပုံစံကိုမပြောင်းလဲရင် စက်မတပ်တာနဲ့ AHI ကပြန်တက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် AHI ကို Therapy ရဲ့ ထိရောက်မှုရှိမရှိကိုသာ ကြည့်နိုင်ပြီး AHI Score ကျသွားတာနဲ့စက်ဖြုတ် ရမှာမျိုးမဟုတ်ပါဘူး။ AHI Score တွေအကြောင်းအသေးစိတ်ကို ဒီ Link မှာ ဖတ်ရှုနိုင်ပါတယ်။
ဒါဆိုရင် CPAP စက်တပ်လိုက်တာနဲ့ OSA ရောဂါကပျောက်ကင်းသွားမှာလား?
OSA ရောဂါဟာ ဘဝတစ်လျှောက်လုံး ဖြစ်သွားနိုင်တဲ့ ရောဂါဖြစ်ပြီး စက်တပ်အိပ်လိုက်ရုံနဲ့ ရောဂါပျောက်ကင်းသွားမှာမဟုတ်ဘဲ မိမိရဲ့ Lifestyle ပုံစံနဲ့လည်း ဆိုင်ပါသေးတယ်။ စက်တပ်အိပ်ရင် ရောဂါမပျောက်ကင်းသွားပေမဲ့ စက်မတပ်ရင်တော့ သိပ်ကိုဆိုးရွားတဲ့ နှလုံး၊ အဆုတ် နဲ့ အာရုံကြောဆိုင်ရာ နောက်ဆက်တွဲရောဂါတွေသာမက အသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ စက်တပ်အိပ်ပြီးနောက်ပိုင်းမှာ အာရုံစူးစိုက်မှု ပိုကောင်းလာခြင်းအပြင် ရေရှည်မှာ သွေးတိုး၊ နှလုံး၊ အာရုံကြောဆိုင်ရာ ရောဂါတွေအပြင် နေ့ခင်းဘက်အိပ်ငိုက်ပြီး ပင်ပန်းနေခြင်းတွေပါ သက်သာလာမှာ ဖြစ်တဲ့အတွက် OSA ရောဂါသေချာပြီဆိုရင်တော့ စက်ကတော့ တပ်ကိုတပ်သင့်ပါတယ်။ ခရီးသွားလေ့ရှိတဲ့ သူတွေတောင်မှပဲ Portable CPAP လေးတွေဆောင်ထားပြီး ခရီးလမ်းတစ်လျှောက် စက်တပ်အိပ်ဖို့ထိ Recommend ပေးထားပါတယ်။
CPAP စက် ကို မတပ်ဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေ က ဘာလဲ?
လူနာကိုယ်တိုင်က မတပ်ချင်လို့ မတပ်တာ အပြင် အခြားသော စက်မတပ်ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့
1.ပါးစပ်ထဲမှာရှိတဲ့ Septum ကစောင်းနေခြင်း (Deviated Septum)

2.နှာခေါင်းလမ်းကြောင်းတစ်လျှောက် ယောင်ယမ်းနေခြင်း (Enlarged Turbinate)

3.အာခေါင်မှာပြဿနာဖြစ်နေခြင်း (Upper Palate Problems)

4.Allergy ဖြစ်ခြင်းကြောင့် အသက်ရှူကြပ်ခြင်း
5.OSA မဟုတ်သော အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နေခြင်း
ဒါကြောင့် မိမိက CPAP တပ်အိပ်ဖို့ လိုအပ်နေသူမျိုးဆိုရင် လိုအပ်တဲ့ Therapy ကို ထိထိရောက်ရောက်ရနိုင်ဖို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ညစဥ် အနည်းဆုံး၄ နာရီမှ ၆ နာရီအထိ တပ်အိပ်ဖို့ အရေးကြီးပါတယ်။ စက်တပ်ရုံ အပြင် ဝိတ်ချဖို့၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပေးဖို့ကလည်း အရေးကြီးတာကြောင့် မိမိ Lifestyle ကိုလည်း ပြုပြင်ဖို့ သတိပေးလိုက်ပါတယ်နော်။
