ခွဲစိတ် အတွင်းနားကြားစက် Cochlear Implant (CI)
ခွဲစိတ် နားကြားစက် အမျိုးမျိုး ရှိသည့်အနက် အတွင်းနား ထဲ ခွဲစိတ်ထည့်ရသော ခွဲစိတ် နားကြားစက် သာ ခွဲစိတ် တပ်ဆင်တာ အများဆုံး ဖြစ်သည်။ ဒါကြောင့်မို့လို့ ခွဲစိတ် နားကြားစက် ဆိုတာနဲ့ Hearing Implant အစား Cochlear Implant (CI) လို့ တန်းပြောလည်း မမှားနိုင်ပေ။ CI ကို ခွဲစိတ် အတွင်းနားကြားစက်၊ ခွဲစိတ် အတွင်းနားအတုစက် လို့လည်း ခေါ်ကြသည်။
ဘယ်လို အခြေအနေမျိုးမှာ တပ်ရမှာလဲ?
နားကြားကိရိယာ နဲ့ နားထောင်ရတာ အဆင်မပြေတော့တဲ့ ဆိုးရွားသော နားလေးအဆင့် Severe Hearing Loss ကနေ လုံးဝ နားမကြားအဆင့် Profound Hearing Loss ရောက်နေပြီး အာရုံကြော နှင့်ဆိုင်သော နားလေးခြင်း SNHL ခံစားနေရတဲ့ ကလေး/လူကြီးတွေ မှာ ခွဲစိတ် တပ်ဆင်ကြပါတယ်။