ခွဲစိတ် နားကြားစက်

ခွဲစိတ် နားကြားစက် Hearing Implant

Hearing Implant ဆိုတာဘာလဲ

ခန္ဓာကိုယ် ထဲ ခွဲစိတ်ပြီး အထဲမှာပဲ ထည့်ထားရတဲ့ စက်ပစ္စည်း ကို Implant လို့ ခေါ်ပါတယ်။ နားကြားဖို့ အတွက်၊ နား နှင့်ဆိုင်သော Implant ဖြစ်သည့်အတွက် Hearing Implant – မြန်မာလိုတော့ ခွဲစိတ် နားကြားစက် လို့ပဲ ခေါ်လိုက်ပါတယ်။

ဒီအစားထိုးစက်လေးကတော့ နားကြားကိရိယာတွေနဲ့ မတူပါဘူး။ နားအတွင်းပိုင်း သို့မဟုတ် နားနောက်ဘက်အရေပြားအောက်မှာ ခွဲစိတ်မှုအသေးစားလုပ်ပြီးတော့ ထည့်သွင်းရသည့် Electronic Device တစ်ခုပဲဖြစ်ပါတယ်။ နား၏ ပျက်စီးနေသော အစိတ်အပိုင်းများ အစား ဒီစက်က အစားထိုး တာဝန်ယူပေးခြင်း ဖြစ်ပါတယ်။

သုတေသနပညာရှင်များ၏ အဆိုအရ ဒီအစားထိုးစက်တွေက အသံကို ကျယ်လာအောင် လုပ်ပေးရုံတင်မကဘဲ ကျွန်တော်တို့ရဲ့ ဦးနှောက်က အသံကို လက်ခံပုံစနစ်တစ်ခုလုံးကို ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။

Hearing Aid VS Hearing Implant

FeaturesHearing AidHearing Implant
ခွဲစိတ်ခြင်း🚫⭕️
လုပ်ဆောင်ပုံအပြင်ကလာသော အသံကို ကျယ်အောင်လုပ်ပြီး နားစည်သို့ ပိုဆောင်ပေးခြင်းနားစည်နှင့် နားလမ်းကြောင်းကို ကျော်ဖြတ်ပြီး အပြင်ကလာသော အသံလှိုင်းများကို လျှပ်စစ်လှိုင်းများအဖြစ် ပြောင်းလဲကာ အကြားအာရုံကြောဆီသို့ ပို့ဆောင်ပေးခြင်း။
ABI မှာတော့ ဦးနှောက်ဆီကို တိုက်ရိုက်ပို့ပေးပါတယ်။
အားနည်းချက်နားအတွင်းပိုင်းရှိ အာရုံခံဆဲလ်များ ကောင်းမွန်နေသေးမှသာ အလုပ်လုပ်နိုင်မည်။စက်တပ်ပြီးချင်း ချက်ချင်း သဘာဝအတိုင်း မကြားရဘဲ စက်ရုပ်သံလို ဖြစ်နေတတ်လို့ အချိန်ယူပြီး (ဦးနှောက်ကို) ပြန်လည်လေ့ကျင့်ပေးရပါတယ်။

ခွဲစိတ် နားကြားစက် အမျိုးမျိုး

Cochlear Implant (CI)

Bone conducting Implant (BCI)

စက်ကနေ အသံကို ဖမ်းပြီး ဦးခေါင်းခွံကို တုန်ခါအောင် လုပ်ပေးပါတယ်။ အသံလှိုင်းဟာ အပြင်နားနဲ့ အလယ်နားကို မဝင်တော့ဘဲ ဦးခေါင်းခွံရဲ့ တုန်ခါမှုကြောင့် နားအတွင်းပိုင်း ခရုပတ် (Cochlea) ဆီကို ရောက်ရှိသွားပါတယ်။.

Middle Ear Implant (MEI)

အပြင်က စက်ကနေ အသံကို ဖမ်းပြီး နားထဲက “နားအရိုးလေး (Auditory Ossicles)” ဆီကို တုန်ခါမှု တိုက်ရိုက်ပို့ပေးပါတယ်။ အဲဒီအရိုးလေးတွေ လှုပ်ရှားသွားတဲ့အတွက် အသံက နားအတွင်းပိုင်း ခရုပတ်ဆီကို ရောက်သွားပါတယ်။

Auditory Brainstem Implant (ABI)

ဒီစက်ကတော့ ရှေ့မှာပြောခဲ့တဲ့ ၃မျိုးလုံးနဲ့ မတူဘဲ နားတစ်ခုလုံးကိုတင်မကဘဲ နားအာရုံကြော ကိုပါ ကျော်ဖြတ်ပြီး ဦးနှောက်ဆီ တိုက်ရိုက်သွား ပါတယ်။

ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် အကြားအာရုံကြောပါ လုံးဝ ပျက်စီးသွားတဲ့သူတွေ (သို့မဟုတ်) မွေးရာပါ အကြားအာရုံကြော လုံးဝပါမလာတဲ့သူတွေ မှာ အသုံးပြုပါတယ်။

စက်ကနေ အသံလှိုင်းတွေကို လျှပ်စစ်အချက်ပြချက်အဖြစ် ပြောင်းလဲပြီး အကြားအာရုံကြောကို မပို့တော့ဘဲ ဦးနှောက် ရဲ့ Brainstem အသံလက်ခံတဲ့နေရာဆီ ကို ပို့ပေးပါတယ်။

ဘယ်လို အခြေအနေမျိုးမှာ ခွဲစိတ် နားကြားစက် တပ်ရမလဲ?

ဒါကိုတော့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်များက ဆုံးဖြတ်ကြပါတယ်။ တော်တော်များများကတော့ နားကြားကိရိယာ နှင့် အဆင်မပြေနိုင်သော လုံးဝ နားမကြားတဲ့ အဆင့် Profound Hearing Loss လူနာတွေ မှာ ခွဲစိတ် တပ်ဆင်ရလေ့ ရှိပါတယ်။

ခွဲစိတ် နားကြားစက် အမျိုးမျိုး ရှိသည့်အနက် အတွင်းနား ထဲ ခွဲစိတ်ထည့်ရသော ခွဲစိတ် နားကြားစက် သာ ခွဲစိတ် တပ်ဆင်တာ အများဆုံး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခွဲစိတ် နားကြားစက် ဆိုတာနဲ့ Hearing Implant အစား Cochlear Implant (CI) လို့ တန်းပြောလည်း မမှားနိုင်ပါဘူး။ CI ကို ခွဲစိတ် အတွင်းနားကြားစက်၊ ခွဲစိတ် အတွင်းနားအတုစက် လို့လည်း ခေါ်ကြပါတယ်။