
ငယ်ငယ် က နားကြားပြီး အကြောင်းတစုံတရာကြောင့် နားလေးသူများသည် နားကြားကိရိယာ/ခွဲစိတ်နားကြားစက် တပ်ပြီးသည့်အခါတွင် နား အကြားအာရုံ ပြန်လည်သန်စွမ်းရေး အတွက် သိပ် အားထုတ်စရာ မလိုအပ်ပေ။ သင်ကြားပေးစရာ မလိုအပ်ပေ။ အချိန်တခုပေး လေ့ကျင့်ပေးရုံသာ လိုအပ်ပါသည်။
သို့ပေမယ့် မွေးရာပါ နားမကြား ကလေးတွေ မှာတော့ နားကြားကိရိယာ/ခွဲစိတ်နားကြားစက် အခုမှ တပ်ဆင်တာ ဖြစ်တဲ့အတွက် အသံတွေ ဆိုတာ တပ်ဆင်မှ ကောင်းကောင်း စကြားဖူး စကြားရ တာ ဖြစ်ပါတယ်။ ထိုကြောင့် အကြားစွမ်းရည် ရပါက နောက်အဆင့်မှာ ဖြစ်သည့် နားထောင်စွမ်းရည် Listening Skill ၊ စကား ပြောဆို ဆက်သွယ် စွမ်းရည် Communication Skill တို့ကို တဆင့်ချင်း တိုးတက်အောင် ပြုလုပ်ပေးရမှာ ဖြစ်ပါသည်။
စကားပြောသင်ပေးတဲ့ ဆရာ/ဆရာမ Speech Therapist ဆီမှာ သင်တန်း တက် လေ့ကျင့်ရပါမည်။ သင်တန်းတက်ရင် မိဘ အပြင် အိမ်မှာကလေးနဲ့ အနီးကပ်နေထိုင်မည့်သူ ပါ လိုက်ပါ သင်တန်းတက်ပြီး နည်းတွေကို သင်ယူပြီး အိမ်မှာ လက်တွေ့ အသုံးချ လေ့ကျင့်ပေးရမှာပါ။