တရေးတမော အိပ်ခြင်း 

တရေးတမော အိပ်ခြင်း (Napping) ရဲ့ ကောင်းခြင်း၊ ဆိုးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေ ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

တရေးတမော အိပ်တာ ကောင်းလား??

✅ကောင်းပါတယ်။

စိတ်ပင်ပန်းနွမ်းနယ်တာတွေ သက်သာမယ်၊ တက်တက်ကြွကြွဖြစ်မယ်၊ စိတ်ကြည်လင်ပြီး၊ စွမ်းဆောင်ရည်တွေ ကောင်းလာမယ်၊ မှတ်ဉာဏ်စွမ်းရည်တွေကိုလည်း တိုးစေပါတယ်။

တရေးတမော အိပ်တယ် ဆိုတာ လူတိုင်း အတွက်တော့ လိုအပ်နေတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။

အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ ပညာရေးကြောင့်ပဲ ဖြစ်ဖြစ် အိပ်ရေးပျက်ထားတဲ့ သူမျိုးတွေ ဆိုရင် တရေးတမော အိပ်စက်ပေးဖို့ လိုပါတယ်။

တချို့သော အိပ်ယာ အပြောင်းအလဲကြောင့် အိပ်မပျော်သော အိပ်ရေးမဝသော သူတွေဟာဆိုရင်လည်း နေ့လည်ခင်းပိုင်းတွေမှာ တရေးတမော အိပ်သင့်ပါတယ်။

⏱️တရေးတမော အိပ်တာ ကြာချိန် ?⏱️ 

တရေးတမော အိပ်ခြင်းကို ပုံမှန်အားဖြင့် (၁၀) မိနစ်ကနေ မိနစ် (၂၀) လောက်ထိ (Power Nap) သာအိပ်စက်သင့်ပါတယ်။

ညနေ ၃ နာရီနောက်ပိုင်း အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ။ ညနေပိုင်း အိပ်ခြင်းနှင့် အချိန်အကြာကြီး အိပ်ခြင်းက ညဘက် ပုံမှန်အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေပြီး နိုးလာပါက ပို၍ ပင်ပန်းနွမ်းနယ် စိတ်မကြည်မလင် (Sleep Inertia) ဖြစ်စေနိုင်ပါတယ်။

ညနေ (၃) နာရီနောက်ပိုင်း အိပ်စက်ခြင်း ဟာ ညဘက်အိပ်စက်ခြင်း ကို အင်မတန် ထိခိုက်စေပါတယ်။

⚠️နေ့ခင်းဘက် အမြဲ အိပ်ငိုက်ခြင်း ? နှင့် အိပ်ဟောက်ရှုပိတ်ရောဂါ OSA ?⚠️

 မိမိသည် ပင်ပန်းတာမျိုး၊ အိပ်ရေးပျက်တာမျိုးတွေ မရှိဘဲ နေ့လည်ခင်းပိုင်းတွေမှာ အလွန်အမင်း အိပ်ချင်မယ်၊ အချိန်ကြာမြင့်စွာ အိပ်နေမိမယ် ဆိုလျှင် မိမိမှာ အိပ်စက်ခြင်းနှင့် ပတ်သက်ပြီး တစ်ခုခု လွဲမှားနေနိုင်တာ ဖြစ်လို့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

ဥပမာ- OSA အိပ်ဟောက်ရှူပိတ်ရောဂါ ကိုခံစားနေရသူ တွေဟာဆိုရင် ညအချိန်တွေမှာ ကောင်းမွန်သော အိပ်စက်ခြင်း ကို မရရှိနိုင်ပါဘူး။

ဒါကြောင့် နေ့ခင်းဘက်တွေမှာ အလွန်အမင်း အိပ်ငိုက်ခြင်း၊ လန်းလန်းဆန်းဆန်း မရှိခြင်း၊ ခဏခဏ အိပ်ပျော်သွားခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်ဗျ။

📅National Napping Day – 13th March📅

Boston University မှ စိတ်ပညာရှင် William Anthony နှင့် ၎င်း၏ဇနီး Camille Anthony တို့က ၁၉၉၉ ခုနှစ်တွင် လူထုကျန်းမာရေးအတွက် ရည်ရွယ်ကာ စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ နွေရာသီစံတော်ချိန် ပြောင်းလဲမှုကြောင့် လူများ အိပ်ရေးပျက်တတ်သည့် မတ်လ ဒုတိယပတ်၏ တနင်္လာနေ့ တွင် ကျင်းပလေ့ရှိပြီး ၂၀၂၆ ခုနှစ်တွင် မတ်လ ၉ ရက်နေ့ ဖြစ်ပါသည်။