
လူကြီးတွေမှာပဲ ဖြစ်တတ်တယ်လို့ ထင်ရတဲ့ အိပ်နေစဉ် အသက်ရှူရပ်ခြင်း သို့မဟုတ် အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ဟာ ကလေးငယ်တွေမှာလည်း ကွဲပြားခြားနားတဲ့ လက္ခဏာမျိုးစုံနဲ့ ဖြစ်ပွားတတ်ပါတယ်။ “ကလေးပဲ ဖြစ်တာ… လူကြီးလောက် မစိုးရိမ်ရပါဘူး” ဆိုပြီး ပေါ့ဆလိုက်မယ်ဆိုရင်တော့ သင့်ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို များစွာ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ကလေးတွေမှာ ဖြစ်တဲ့ OSA ရောဂါ မှာဆိုရင် ဘယ်လို လက္ခဏာတွေ ပြလဲ၊ ဘယ်လို ကုသမှုတွေရွေးချယ်စရာရှိလဲ ဆိုတဲ့ အချက်လေးတွေ ကို မျှဝေ ပေးသွားပါမယ်။✅✅
လက္ခဏာများ
လူကြီးတွေမှာ ဖြစ်တတ်တဲ့ အိပ်နေစဉ် ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်းနဲ့ နေ့ခင်းဘက် အိပ်ငိုက်ခြင်းတို့အပြင် ကလေးတွေမှာဆိုရင် အောက်ပါ လက္ခဏာတွေပါ တွဲပြီး ပြတတ်ပါတယ် –
- လူကြီးတွေလို မငိုက်ဘဲ ဆန့်ကျင်ဘက်အနေနဲ့ ဂနာမငြိမ်ဖြစ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်းနှင့် လွန်ကဲစွာ ဆော့ကစားခြင်း (ADHD ရောဂါကဲ့သို့ လက္ခဏာများ ပြခြင်း)။
- ညဘက် အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း နှင့် ချွေးစေးများ ထွက်ခြင်း။
- အိပ်ပျော်ရင်း လမ်းလျှောက်ခြင်း သို့မဟုတ် ထိတ်လန့်နိုးလာခြင်း။
- ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း။
AHI
လူကြီးတွေမှာတော့ အိပ်ပျော်နေစဉ် တစ်နာရီအတွင်း အသက်ရှူရပ်တဲ့အကြိမ်ရေ (AHI) ၅ ကြိမ်နဲ့အထက် ရှိမှ OSA ရောဂါလို့ သတ်မှတ်လေ့ရှိပါတယ်။ ကလေးတွေမှာတော့ တစ်နာရီကို တစ်ကြိမ်ပဲ အသက်ရှူ ရပ်ရင်တောင် OSA သံသယ ရှိတယ်လို့ ပြောလို့ ရပါတယ်။
| POSA Level | AHI Values |
| Mild | 1-4 / hr |
| Moderate | 5-9 / hr |
| Severe | ≥10 / hr |
ကုသမှုများ
ဆရာဝန်များ၏ ဆုံးဖြတ်ချက်နှင့်အညီ
- အာသီးဖြတ်ခြင်း နှင့် အခြားသော ခွဲစိတ်ကုသမှုများ၊
- သောက်ဆေးများ နှင့် ကုသခြင်း၊
- အသက်ရှူစက် CPAP တပ်ခြင်း စတဲ့ ထိရောက်တဲ့ ကုသမှုများ ရှိပါတယ်။✅✅
🏥စောစီးစွာကုသခြင်းက ကလေးငယ် အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တားဆီး ပေးနိုင်တာကြောင့် ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်။📳
