BMC – FM1A Full Face Mask

၁။ BMC F1A Full Face Mask ကို ဘယ်သူတွေ သုံးသင့်လဲ။

  • ပါးစပ်ဟပြီး အိပ်တတ်သူများ – ညဘက် အိပ်ပျော်သွားရင် ပါးစပ်နဲ့ အသက်ရှူတတ်လို့ လေယိုစိမ့်မှု ကြုံရသူများ။
  • နှာခေါင်းပိတ်တတ်သူများ – ထိပ်ခတ်နာ (Sinusitis) ရှိလို့ဖြစ်စေ၊ နှာစေးလို့ဖြစ်စေ နှာခေါင်းနဲ့ အသက်ရှူရ ခက်ခဲသူများ။
  • အိပ်ရာဝင်ခါနီး စာဖတ်/တီဗီကြည့်လိုသူများ – မျက်မှန်တပ်ပြီး ဖုန်းကြည့်၊ တီဗီကြည့်ချင်သူများ။
  • အိပ်နေရင်း လူးလှိမ့်တတ်သူများ – ဘေးစောင်းအိပ်တတ်ပြီး အိပ်ရာထဲ အနေအထား ခဏခဏပြောင်းတတ်သူများ။

သင်ဟာ အထက်ပါအချက်တွေထဲက တစ်ခုခုကို ပြုလုပ်နေတတ်တဲ့သူဆိုရင်တော့ BMC F1A Full Face Mask ကို ‌‌‌ရွေးချယ်ဖို့ သင့်ပါတယ် ။

၂။ BMC F1A ရဲ့ ကောင်းမွန်တဲ့အချက်များ (Key Benefits)

  • နဖူးထောက်တံမဲ့ဒီဇိုင်း (Forehead-Free): နဖူးပေါ်မှာ ဖိအားဒဏ်ကြောင့် နီရဲတာ၊ နာကျင်တာမျိုး မဖြစ်စေဘဲ မျက်စိကို ကွယ်တာမျိုးမရှိလို့ စိတ်လွတ်လပ်မှုကို ပေးစွမ်းပါတယ်။
  • Dual-Wall Cushion : High Pressure သုံးရင်တောင် မျက်နှာနဲ့ တစ်သားတည်း ဖြစ်ပြီး လေလုံအောင် ထိန်းပေးပါတယ်။
  • ၃၆၀ ဒီဂရီလှည့်နိုင်တဲ့ အဆစ် (360° Swivel Elbow): လေပိုက်ဆွဲဆန့်တဲ့ဒဏ်ကို လျှော့ချပေးလို့ ဘယ်လိုပဲ လူးလှိမ့်အိပ်အိပ် အဆင်ပြေပါတယ်။
  • Quiet Venting: အသက်ရှူထုတ်တဲ့လေကို အသံတိတ် ညင်သာစွာ မှုတ်ထုတ်ပေးလို့ အတူအိပ်သူကို အနှောင့်အယှက် မဖြစ်စေပါဘူး။
  • ဖြုတ်ရတပ်ရ လွယ်ကူခြင်း: အစိတ်အပိုင်း ၅ ခုတည်းနဲ့ ဖွဲ့စည်းထားပြီး တပ်လို့ ဖြုတ်လို့ အဆင်ပြေတဲ့အပြင် ဆေးကြောရတာ အလွန်လွယ်ကူပါတယ်။

၃။ စနစ်တကျ မှန်ကန်စွာ ဘယ်လိုတပ်ဆင်မလဲ (How to Wear)

အဆင့် (၁) – Mask အနေအထားကို ချိန်ပါ
Mask ရဲ့ ဆီလီကွန်အုံကို မိမိရဲ့ နှာခေါင်းပေါ်ကနေ အောက်နှုတ်ခမ်းအောက်နားအထိ သေသပ်စွာ အုပ်လိုက်ပါ။

အဆင့် (၂) – ခေါင်းစွပ်ပတ်ကြိုးကို စွပ်ပါ
ခေါင်းစွပ်ပတ်ကြိုး (Headgear) ကို ခေါင်းနောက်သို့ သိုင်းစွပ်လိုက်ပြီး အောက်ဘက်ကြိုးနှစ်ဖက်မှာပါတဲ့ Quick-Release ကလစ် (Clip) အချိတ်များကို Mask ရဲ့ ဘောင်အောက်ခြေမှာ ဝင်အောင် ချိတ်ပေးပါ။

အဆင့် (၃) – ပတ်ကြိုးများကို ညှိပါ
အပေါ်ဘက်ကြိုးနှစ်ဖက်နဲ့ အောက်ဘက်ကြိုးနှစ်ဖက်မှာရှိတဲ့ ကပ်ခွာ (Velcro) များကို အညီအမျှ ဆွဲညှိပါ။
(မှတ်ချက် – အရမ်းတင်းကျပ်စွာ မဆွဲပါနဲ့။ မျက်နှာပေါ်မှာ သက်သောင့်သက်သာရှိပြီး လေမထွက်ရုံသာ ညှိပေးရပါမယ်)

အဆင့် (၄) – လေပိုက်နှင့် ချိတ်ဆက်ပါ
စက်ကလာတဲ့ လေပိုက်ကို Mask ရဲ့ လှည့်လို့ရတဲ့ အဆစ် (Elbow) ထဲသို့ အဆုံးထိ တပ်ဆင်ပါ။ စက်ကိုဖွင့်ပြီး လေယိုစိမ့်မှု ရှိ/မရှိ စမ်းသပ်ကာ လိုအပ်ပါက ကြိုးကို အနည်းငယ် ပြန်ညှိပေးပါ။

နောက်ထပ် အရေးကြီးတာတစ်ခုက Mask ရဲ့ အာနိသင် ကောင်းမွန်ဖို့နဲ့ ပိုးမွှားကင်းစင်ဖို့အတွက် ဆီလီကွန်အုံကို နေ့စဉ် ရေနွေးနွေးလေး (သို့မဟုတ်) ဆပ်ပြာအပျော့စားနဲ့ ဆေးကြောပေးပါ။ Mask တစ်ခုလုံးကို ၆ လ တစ်ကြိမ် အသစ်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

ဝယ်ယူချင်တယ် ဆိုရင်တော့ အောက်ပါ လိပ်စာများမှ တဆင့် ဝယ်ယူနိုင်ပါတယ်။