
“ဟန်ချက်ညီညီ လမ်းလျှောက်နိုင်ဖို့ နားက ဘာကြောင့်အရေးကြီးတာလဲ?” 🤔
ကျွန်ုပ်တို့ရဲ့ Balance (ခန္ဓာကိုယ်ဟန်ချက်) ကို ထိန်းညှိပေးရာမှာ မျက်စိနဲ့ ကြွက်သား/အဆစ်တွေတင်မကဘဲ အတွင်းနား (Inner Ear) ထဲမှာရှိတဲ့ Vestibular System ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခန္ဓာကိုယ် ဟန်ချက်အတွက် အဓိက အာရုံခံစနစ် (၃) ကတော့ –
- Vestibular System ( အတွင်းနား စနစ် )
- Visual System ( အမြင်အာရုံ စနစ် )
- Somatosensory/ Proprioceptive ( ကိုယ်ခန္ဓာအနေအထား အာရုံခံစနစ် ) တို့ဖြစ်ကြပါတယ် ။ ဦးနှောက်က ဒီအာရုံခံစနစ် ၃ မျိုး ကနေ ရရှိတဲ့အချက်အလက်တွေကို ပေါင်းစပ်ပြီး ဟန်ချက်ကို ထိန်းပေးတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ Vestibular System အကြောင်းကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။
🌀 Vestibular System ဆိုတာ ဘာလဲ?
Vestibular System ဟာ အတွင်းနားထဲမှာရှိပြီး—
🔹 ခေါင်းရဲ့ လှုပ်ရှားမှု
🔹 ခေါင်းရဲ့ အနေအထား
🔹 ခန္ဓာကိုယ်ရဲ့ ဟန်ချက်
🔹 လှုပ်ရှားနေစဉ် မျက်လုံးကို တည်ငြိမ်အောင်ထားခြင်း
တို့ကို သိရှိပြီး ဦးနှောက်ထံ သတင်းပို့ပေးတဲ့ Balance System ဖြစ်ပါတယ်။
👂 Vestibular System မှာ ဘာတွေပါလဲ?
၁ ။ Semicircular Canals – ၃ ခု
ခေါင်းကို လှည့်ခြင်း၊ လည်ခြင်းလို Rotational / Angular movement တွေကို သိရှိပေးပါတယ်။
၂ ။ Utricle
အလျားလိုက် ရွေ့လျားမှု (Horizontal linear movement) နဲ့ ခေါင်းအနေအထားကို သိရှိပေးပါတယ်။
၃ ။ Saccule
အပေါ်အောက် ရွေ့လျားမှု (Vertical linear movement) နဲ့ Gravity ကို သိရှိပေးပါတယ်။
ဒီနေရာတွေမှာရှိတဲ့ Hair cells တွေက လှုပ်ရှားမှုကို အာရုံခံပြီး nerve signal အဖြစ် ပြောင်းပေးပါတယ်။
👂 Vestibular System ဘယ်လို အလုပ်လုပ်သလဲ?
၁။ ခေါင်းလှုပ်ရှားခြင်း – ခေါင်းကို ညာဘက်လှည့်လိုက်တဲ့အခါ အတွင်းနားထဲက endolymph fluid တွေ ရွေ့လျားလာပါတယ်။
၂။ Sensory receptors တွေကို လှုံ့ဆော်ခြင်း – Endolymph ရွေ့လျားမှုကြောင့် hair cells တွေ ကွေးညွတ်ပြီး ခေါင်းရဲ့ လှုပ်ရှားမှုကို အာရုံခံပါတယ်။
၃။ Electrical signal ဖြစ်လာခြင်း – Hair cells တွေက mechanical movement ကို nerve signal အဖြစ် ပြောင်းပေးပါတယ်။
၄။ Vestibular nerve က သတင်းပို့ခြင်း – ဒီ signal တွေကို Vestibular nerve (CN VIII) ကနေ Brainstem နဲ့ Cerebellum ဆီ ပို့ပေးပါတယ်။
၅။ ဦးနှောက်က အချက်အလက်တွေကို ပေါင်းစပ်ခြင်း – 🧠 ဦးနှောက်က Vestibular system ကရတဲ့ information ကို
👁️ Vision
🦶 Somatosensory / Proprioception
တို့ကရတဲ့ information တွေနဲ့ ပေါင်းစပ်ပြီး ခန္ဓာကိုယ်ရဲ့ အနေအထားကို သတ်မှတ်ပါတယ်။
၆။ ခန္ဓာကိုယ်က တုံ့ပြန်ခြင်း – ဦးနှောက်က သင့်တော်တဲ့ eye movement နဲ့ postural muscle movement တွေကို ပြန်လည်ထိန်းချုပ်ပေးပါတယ် ။
Vestibular Systemမကောင်းရင် ဘာပြဿနာတွေ ဖြစ်လာနိုင်လဲ?
Vestibular system မှာ ပြဿနာရှိလာတဲ့အခါ—
🔸 မူးဝေခြင်း (Dizziness)
🔸 ပတ်ဝန်းကျင် သို့မဟုတ် ကိုယ်တိုင် လည်နေသလိုခံစားရခြင်း (Vertigo)
🔸 လမ်းလျှောက်ရာတွင် ဟန်ချက်မညီခြင်း
🔸 လဲကျလွယ်ခြင်း
🔸 မျက်လုံးမတည်ငြိမ်ခြင်း (Nystagmus)
🔸 လှုပ်ရှားတဲ့အခါ မသက်မသာဖြစ်ခြင်း တို့ ဖြစ်နိုင်ပါတယ်။
မကြာခဏ မူးဝေခြင်း၊ လည်နေသလိုခံစားရခြင်း သို့မဟုတ် ဟန်ချက်မညီခြင်း တွေရှိနေပါက အကြောင်းရင်းကို စစ်ဆေးရန် ကျန်းမာရေးပညာရှင်ထံ တိုင်ပင်စစ်ဆေးသင့်ပါတယ်။
“နားက အသံကြားဖို့အတွက်သာမက ခန္ဓာကိုယ်ဟန်ချက်ညီဖို့အတွက်လည်း အရေးကြီးပါတယ်။” 👂⚖️
