hearWHO

လူတိုင်း အကြားအာရုံ ကို ၁ နှစ် ၁ ခါ တော့ စစ်ဆေးသင့်တယ်။ နားလေးဖို့ အကြားအာရုံထိဖို့ ပိုများနိုင်တဲ့ အသက် ၅၀ ကျော်အရွယ်များ ၊ ဆူညံသံကြားမှာ အလုပ်လုပ်ရတဲ့သူ၊ အချိန်အကြာကြီး သီချင်းသံ အကျယ်ကြီး နားထောင်တတ်တဲ့သူ၊ နားရောဂါ ခံစားနေရသူ မှာတော့ အခြားသူတွေ ထက် ပိုဖြစ်နိုင်ချေ ပိုများတော့ ပိုတောင် စစ်ဆေးသင့်ပါတယ်။ နားအကြားအာရုံဆုံးရှုံးမှု ရှိ / မရှိကို စောစီးစွာ သိရှိနိုင်ရန် hearWHO app ကို အသုံးပြုနိုင်ပါတယ်။

hearWHO ဆိုတာ ဘာလဲ?

hearWHO App ဆိုတာ World Health Organization (WHO) က ဖန်တီးထားတဲ့ အကြားအာရုံ စစ်ဆေးရန် (hearing screening) mobile/web application တစ်ခုပါ။ အဓိကရည်ရွယ်ချက်က လူတွေမှာ hearing loss ရှိနိုင်/မရှိနိုင်ကို အစောပိုင်းမှာ သိရှိနိုင်ပြီး ကုသ ပျောက်ကင်းနိုင်ရန် သို့ ပိုမဆိုးအောင် ထိန်းသိမ်းနိုင်ရန် ဖြစ်ပါတယ်။

🎧 hearWHO ဘယ်လို အလုပ်လုပ်သလဲ?

  • hearWHO က Digits-in-Noise (DIN) technology ကို အသုံးပြုပါတယ်။
  • Earphone/Headphone တပ်ပါ။
  • Background noise ကြားထဲမှာ ဂဏန်း ၃ လုံး ပြောပေးပါမယ်။
  • ကြားလိုက်တဲ့ ဂဏန်းတွေကို App ထဲမှာ ထည့်ပါ။
  • ဒီလို test ကို ၂၃ ခါပြုလုပ်ပြီး သင့်ရဲ့ hearing ability ကို score ထုတ်ပေးပါတယ်။

စစ်ဆေးနေချိန်တွင်

  • နားကြပ် ကောင်းကောင်း ရှိခြင်း
  • ဆူညံသံ နည်းခြင်း တို့ ရှိပါက အဖြေရလဒ် က ပိုတိကျ မှန်ကန်စေပါတယ်။

အဓိကသိထားရမှာက hearWHO ဟာ အကြမ်းဖျဉ်း နားအကြားအာရုံ စစ်ဆေးခြင်းသာ ဖြစ်ပါတယ်။ diagnostic hearing test မဟုတ်ပါဘူး။ Screening tool သာဖြစ်တဲ့အတွက် score တစ်ခုတည်းနဲ့ hearing loss ကို အတည်ပြုလို့မရပါဘူး။ Hearing loss ကို သေချာ diagnosis လုပ်ဖို့ Pure Tone Audiometry (PTA) စတဲ့ professional hearing assessment လိုအပ်ပါတယ်။

| Want to connect with hearWHO? |

Check out our website: https://www.who.int
Like and Follow us on Facebook: https://web.facebook.com/WHO/
Follow us on Twitter: https://twitter.com/WHO