နားသန့်ရှင်းရေးနဲ့ နားကြပ်တံအန္တရာယ်

လူတော်တော်များများက နားသန့်ရှင်းရေးကို မှန်မှန်ပြုလုပ်ရန်အရေးကြီးတယ်လို့ မှတ်ယူကြပြီး နားကြပ်တံနှင့် နားအတွင်းသို့ ထိုးသွင်းကလော်ခြင်း ကို မကြာခဏပြုလုပ်လေ့ရှိပါတယ်။ နားကြပ်ဂွမ်းတံတွေက အပြင်ပန်းကြည့်ရင် နားကိုထိခိုက်မှု မဖြစ်နိုင်ဘူးလို့ ထင်ရပါတယ်။ တစ်ကယ်တော့ နားထဲကို နားကြပ်ဂွမ်းနဲ့ ထိုးသွင်း‌သန့်ရှင်းရေးလုပ်တာက ကောင်းကျိုးထက် ‌ဆိုးကျိုး‌ပိုများတယ်ဆိုတာကို သတိမထားမိတတ်ကြပါဘူး။

နားဖာ‌ချေးက နားအပြင်ဘက်ကို ရောက်လာမှ အဝတ်စ အစိုလေးနဲ့ အသာအယာပွတ်ပြီး သန့်ရှင်းရေးပြုလုပ်ရမှာပါ။ နားထဲကို မည်သည့်အရာမှ ထိုးမထည့်တာက အကောင်းဆုံးဖြစ်ပါတယ်။ နားကြပ်ဂွမ်းနဲ့ ထိုးခြင်းက နားဖာချေးမှာ နားအတွင်းပိုင်းမှာ အစုအခဲလိုက်ဖြစ်သွားစေပြီး နားလမ်းကြောင်းကို ပိုပိတ်စေတာကြောင့် နားကိုက်ခြင်း၊ အသံကြားရဖို့ ခက်ခဲလာခြင်း၊ ထိုးသွင်းချိန်မှာ အရှိန်လွန်ပြီး နားစည်ထိခိုက်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။

ဒါကြောင့်နား‌သန့်ရှင်းရေးပြုလုပ်မည်ဆိုလျှင်လည်း နားဆေးတဲ့အရည် (eardrop) ကို အသုံးပြုခြင်း ၊ သန့်ရှင်းတဲ့ အဝတ်စကို ရေစွတ်၍နားကို သန့်ရှင်းရေးလုပ်ပေးခြင်း စတဲ့ အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေကို သာ အသုံးပြုသင့်ပါတယ်။

Post navigation