Nasol Cleanor Physiological Seawater Nasal Spray

Nasol Cleanor သဘာဝဆားရည် နှာခေါင်းဖျန်းဆေး

အခု မိတ်ဆက်ပေးမယ့် ပစ္စည်းလေးကတော့ နှာစေး ၊ နှာပိတ် နဲ့ အခြားသော နှာခေါင်းရောဂါတွေ ကို အမြန်ဆုံးသက်သာ စေမယ့် သဘာဝဆားရည် နှာခေါင်းဖျန်းဆေး လေးပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ မိုးလေဝသပြောင်းလဲမှု ၊ လေထုညစ်ညမ်းမှု စတာတွေကြောင့် နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းယားယံခြင်းတို့ကို လူအများ ကြုံတွေ့နေရပါတယ်။ ဒီပြဿနာတွေ အတွက် အဖြေကတော့ နှာခေါင်းကျန်းမာရေးကို နေ့စဉ် ဂရုစိုက်ဖို့ပဲ ဖြစ်ပါတယ်။

Nasol Cleanor သဘာဝဆားရည် နှာခေါင်းဖျန်းဆေး မှာဆိုရင် 0.9 % NaCl အဓိက ပါဝင်ပါတယ်။

•သဘာဝဆားရည် ကို အသုံးပြုထားတာ ဖြစ်ပြီး ခန္ဓာကိုယ်၏ သဘာဝဓာတုဖွဲ့စည်းပုံနှင့် ကိုက်ညီအောင် မျှတစွာဖော်စပ်ထားသောကြောင့် ယားယံခြင်း(irritation) မရှိပါ။

•ဆေးရည်ကို အလွန်သေးငယ်သော အမှုန်အမွှားများအဖြစ် ပြောင်းလဲပေးသည့် အဆင့်မြင့် Micro-mist နည်းပညာကို အသုံးပြုထားသောကြောင့် သက်တောင့်သက်သာရှိပြီး အသုံးပြုရတာ အဆင်ပြေပါတယ်။

•ဒါ့အပြင်အလွန်သေးငယ်တဲ့ အတွက်ကြောင့် နှာခေါင်းအတွင်းပိုင်း အနှံ့အပြားသို့ ထိရောက်စွာ ပျံ့နှံ့ရောက်ရှိပြီး ထိရောက်တဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

•အသက် ၆ လ အရွယ် ကလေးများမှာစ၍ အသက်အရွယ်မရွေး အသုံးပြုလို့ရပါတယ်။

✨ အဓိကအကျိုးကျေးဇူးများ

👃 Rhinitis Relief

  • Allergy ကြောင့်ဖြစ်သော နှာခေါင်းယားယံခြင်း၊ နှာရည်ယိုခြင်းကို သက်သာစေပါတယ်။

🤧 Cold Comfort

  • အအေးမိခြင်းကြောင့် နှာခေါင်းပိတ်ခြင်းကို လျော့နည်းစေပါတယ်။

🕒 Daily Care

  • နေ့စဉ်အသုံးပြုနိုင်ပြီး နှာခေါင်းကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

🏥 Perioperative Care

  • ခွဲစိတ်မှုမတိုင်မီနှင့် ခွဲစိတ်ပြီးနောက် အသုံးပြုနိုင်ပါတယ်။

💙 Product Specifications

✔Capacity : 80 ml ( 625 Doses : 625 ကြိမ် ဖျန်းနိုင်ပါသည်။ )

✔Ingredient : 0.9 % NaCl ( Saline Solution / Isotonic )

✔ Safe for Daily Use ( No hormone , No Irritation )

အခြား နှာခေါင်း ဖျန်းဆေးများနှင့် မတူဘဲ ဆေးဝါးဓာတ် (Pharmaceutical), ဟော်မုန်းဓာတ်များ လုံးဝမပါဝင်တဲ့ အတွက်ကြောင့် Daily Nasal Care အဖြစ်လည်း ယုံကြည်စိတ်ချစွာ နေ့စဉ်အသုံးပြုလို့ရပါတယ်

Contraindications ( အသုံးမပြုသင့်သူများ ):

•နှာခေါင်းအတွင်း ကြီးမားသော ဒဏ်ရာရရှိထားသူများ။

•ဆိုဒီယမ်ကလိုရိုက် (Sodium Chloride) နှင့် ပြင်းထန်စွာ ဓာတ်မတည့်သူများ (သို့မဟုတ်) ၎င်းဓာတ်နှင့်ပတ်သက်၍ ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းမှုရှိသူများ။

Precautions ( သတိပြုရန်အချက်များ ):

•ကလေးငယ်များ အသုံးပြုပါက လူကြီးများက ကူညီဆောင်ရွက်ပေးရမည်။ (ကလေးငယ်များအတွက် အသုံးပြုသည့်အခါ နှာခေါင်းဖြန်းခေါင်းကို နှာခေါင်းပေါက်ထဲသို့ အနက်ကြီး ထည့်ရန်မလိုပါ။)

•အသက် (၆) လအောက် ကလေးငယ်များတွင် အသုံးပြုလိုပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။

•ပိုးမွှားနှင့် အညစ်အကြေးများ မဝင်ရောက်စေရန်အတွက် ဆေးဘူးဖွင့်ပြီးသည်နှင့် အမြန်ဆုံး အသုံးပြုသင့်ပါသည်။

Nasol Cleanor နှာခေါင်းဖျန်းဆေး အသုံးပြုပုံ

အဆင့် (၁): ဖုန်ကာအဖုံးကို ဖွင့်ပြီး ခေါင်းကို အနည်းငယ် နောက်သို့ လှန်ပါ။

အဆင့် (၂): ဆေးဖျန်းသည့် ထိပ်ဖူး (Nozzle) ကို နှာခေါင်းပေါက်တစ်ခု၏ အောက်ခြေတွင် ထားပါ။

အဆင့် (၃): လက်ဖြင့် ညင်သာစွာ ဖိ၍ ဆေးရည်ကို ဖျန်းပါ။ (နှာခေါင်းတစ်ဖက်လျှင် ၄ ကြိမ်မှ ၈ ကြိမ်အထိ ဖျန်းရန်)

အဆင့် (၄): နှာခေါင်းအတွင်းမှ ထွက်လာသော အရည်များနှင့် ပိုလျှံသော ဆေးရည်များကို တစ်ရှူးဖြင့် သန့်စင်ပါ။

အဆင့် (၅): အသုံးပြုပြီးပါက ထိပ်ဖူးကို သန့်ရှင်းအောင် ပြုလုပ်ပြီး အဖုံးပြန်ပိတ်ပါ။

•တစ်နေ့လျှင် (၂) ကြိမ်မှ (၆) ကြိမ်အထိ အသုံးပြုနိုင်ပါသည်။