အဝလွန်ခြင်း နှင့် နောက်ဆက်တွဲ ရောဂါများ

🍟 အဝလွန်ခြင်း 🍟

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) အရ အဝလွန်ခြင်း ကို မျိုးရိုးဗီဇ (Genetic)၊ ဦးနှောက်နှင့် အာရုံကြောစနစ် (neurobiology)၊ စားသောက်မှု ပုံစံများ၊ ကျန်းမာရေးနှင့် ညီသော အစားအစာ ရရှိနိုင်မှု၊ စျေးကွက် အင်အားများ နှင့် ကျယ်ပြန့်သော ပတ်ဝန်းကျင် အခြေအနေများ အကြား ရှုပ်ထွေးစွာ အပြန်အလှန် သက်ရောက်မှု ရှိခြင်းကြောင့် ဖြစ်ပေါ်လာသော နာတာရှည် ပြန်လည်ဖြစ်ပေါ်နိုင်သော ရောဂါ (chronic, relapsing disease) အဖြစ် ခွဲခြားသတ်မှတ်ထားပါတယ်။

😷 နောက်ဆက်တွဲရောဂါများ 😷

  • သွေးတိုး နှင့် နှလုံးရောဂါ
  • အချို့သော ကင်ဆာရောဂါများ
  • ဆီးချိုရောဂါ
  • အသည်း အဆီဖုံးခြင်း
  • အိပ်နေစဥ် အသက်ရှူရပ်ခြင်း (Sleep Apnea)
  • ဂေါက်ရောဂါ
  • သည်းခြေအိတ် ကျောက်တည်ခြင်း

🏋️ အဝလွန်ခြင်း (Obesity) မဖြစ်အောင် ဘာတွေဂရုစိုက်ရမလဲ?? 🏋️

  • စိတ်ဖိစီးမှု ကို တတ်နိုင်သလောက် လျှော့ချပါ။
  • အိပ်ချိန် လုံလောက်စွာ ထားပါ။
  • ဆေးလိပ်သောက်ခြင်း၊ အရက်‌သောက်ခြင်း ကို ‌ရှောင်ပါ။
  • အသင့်စား အစားအစာများ၊ အချို၊ အဆီ၊အစိမ့် များလွန်းသော အစားအစာများကို ရှောင်ပါ။
  • ရေများများသောက်ပါ။
  • တစ်ရက်လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။
  • TV ကြည့်နေစဥ် အပျင်းပြေ Snack စားခြင်း အလေ့အကျင့်ကို တတ်နိုင်သမျှ ဖြတ်ပါ။

Reference

https://www.who.int/news-room/fact-sheets/detail/obesity-and-overweight

အဝလွန်ခြင်း ဆိုတာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိတဲ့ ရွေးချယ်မှုပေါ် မူတည်ပြီး ပြန်လည်ရေးသားလို့ ရတဲ့ ဇာတ်လမ်း တစ်ပုဒ်လို ပါပဲ။ ဒီနေ့က စပြီး ကျန်းမာရေးနဲ့ ညီတဲ့ နေထိုင်မှု ဘဝပုံစံ အသစ်ကို စတင်လိုက်ကြ ရအောင်!!!