Waxguard နားဖာချေး အကာအကွယ်

နားကြားကိရိယာ RIC အမျိုးအစားများ ၏ စပီကာ Receiver သည် နားအတွင်း တွင် ရှိသောကြောင့် နားထဲမှ နားဖာချေး အစို သို့မဟုတ် ရေ ဝင်ရောက်ပါက ပျက်စီး စေနိုင်ပါသည်။

ထိုသို့ မဖြစ်စေရန် အတွက် Wax Filter / Wax Guard အဖြူရောင် နားဖာချေး အကာအကွယ် အခံလေး ထည့်သွင်းထားပါသည်။ ဒါပေမယ့်လည်း အချိန်ကြာမြင့်လာတာနဲ့ အမျှ ပိတ်သွားတတ်ပါသည်။ ဒါဆိုရင် နားထောင်ရတာ သိပ်မကြား သိပ်မရှင်းတော့ပေ။ ဒီလိုမျိုး အခြေအနေမျိုးမှာတော့ လဲတပ်ပေးဖို့ လိုပါလိမ့်မယ်။

WSA – AudioService (AS)
BTE with Thin Tube 3.0 / RIC with MiniReceiver 3.0

နားဖာချေး အစို သမားတွေကတော့ အခြောက် သမားတွေ ထက် ပိုပိတ်တတ်တော့ ကိုယ်တိုင် ဆောင်ထားပြီး လဲတပ်တတ်ပါက နားကြားကိရိယာ အရောင်းဆိုင် သို့ သွားစရာ မလိုအပ်တော့ဘဲ ကိုယ့်ဘာသာကိုယ် လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

ပစ္စည်း

ပုံမှန်အားဖြင့် တကဒ် မှာ ၈ ခု ပါ ရှိပါသည်။

10993649
WAXGUARD 3.0 NANOCARE
connexx
$ 6 ~ 26,000 Ks.

လဲလှယ်နည်း

အမည်းရောင် အချောင်း တဖက်ထိပ် မှာ အဖြူရောင် Waxguard ပါရှိနေတာ ဖြစ်လို့ အခြားတဖက် ဖြင့် နားကြားကိရိယာ ရှိတဲ့ အဟောင်း ကို အရင် ဖြုတ်ပါ။ ထို့နောက် အသစ်ဘက် လှည့်ပြီး ပြန်လည် ထိုးသွင်း တပ်ဆင် လဲလှယ်နိုင်ပါသည်။