Meniere’s Disease

✔️Meniere’s Diseaseဆိုတာဘာလဲ⁉️ ဒီနေ့မှာတော့ အတွင်းနား (Inner Ear) ရောဂါတစ်ခုဖြစ်တဲ့ Meniere’s Disease အကြောင်းပြောပြပေးသွားမှာပါ။ Meniere’s Disease ဆိုတာ Inner Ear Disorder တစ်ခု ဖြစ်ပြီး ဘယ်အသက်အရွယ်မှာ မဆိုဖြစ်တတ်ပါတယ်။ နာတာရှည်ရောဂါ (Chronic Disease) တစ်မျိုးဖြစ်ပေမဲ့ လိုအပ်တဲ့ Treatment ကို သေချာပေးနိုင်ရင်တော့ ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာများ (Symptoms) တွေကို ထိန်းထားနိုင်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ Long Term Effect တွေကို သိသိသာသာ လျော့ကျစေပါတယ်။ ✔️သတိထားသင့်တဲ့ ရောဂါ လက္ခဏာများ ၁။ ချာချာလည်အောင် မူးခြင်း (Vertigo) ကို မကြာခဏ ဖြစ်ခြင်း ရုတ်တရက် ချာချာလည်အောင် မူးပြီး ဘာဆေးမှ သောက်စရာမလိုဘဲ သူ့အလိုလိုပျောက်ကင်းသွားခြင်း။ ထိုကဲ့သို့သောဖြစ်စဉ်က မကြာခဏ ဖြစ်လေ့ရှိပြီး တစ်ခါဖြစ်ရင် မိနစ် နှစ်ဆယ် မှ နာရီပေါင်း များစွာ ကြာတတ်ခြင်း။ သို့သော် ၂၄ နာရီထက် ပိုကြာအောင် ဖြစ်လေ့ မရှိပါ။ ၂။ နားထဲတွင် အသံတဝီဝီမြည်ခြင်း (Tinnitus)  ၃။ နားမကြားခြင်း (Hearing…

View More Meniere’s Disease