CPAP တပ်ဆင်သူတွေ အပြောများတဲ့ နောက်ထပ် Complaint တစ်ခုက Tubing နဲ့ Mask တွေမှာ ရေသီးခြင်း၊ ရေများအိုင်လာခြင်းပါ။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်း၊ ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဆက်လက် ဖတ်ရှုကြည့်ပါဦးနော်။ Tubing မှာ ရေတွေ ဘာလို့ သီးတာလဲ? CPAP အသုံးပြုတဲ့သူတွေမှာ အိပ်စက်ချိန် သက်တောင့်သက်သာ ဖြစ်အောင် ရှူသွင်းရတဲ့လေကို အပူပေးတဲ့ Humidification System ကို အသုံးပြုကြရပါတယ်။ Humidification ကို အသုံးပြုခြင်းအားဖြင့် ရှူသွင်းလိုက်တဲ့လေက ခြောက်ကပ် မနေတာကြောင့် ပါးစပ်ခြောက်ခြင်း (Dry Mouth) နဲ့ အေးစက်နေတဲ့လေကို တိုက်ရိုက် ရှူသွင်းလို့ အဆုတ်ကို ထိခိုက်စေခြင်း ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲ့လို ကောင်းကျိုးတွေ နဲ့အတူ ရေသီးခြင်း (Rainout) ဆိုတဲ့ ဆိုးကျိုးပါ တွဲပါလာတတ်ပါတယ်။ ရေသီးခြင်း ဆိုတာ ဘာလဲ? အပူပေးပြီး…
View More CPAP Mask နဲ့ Breathing Tube (Tubing) မှာရေသီးခြင်း