အိပ်စက်မှုနှုန်း တိုင်းတာစစ်ဆေးခြင်း

Sleep Study Test ဆိုတာ ဘာလဲ?

Sleep Study Test ဆိုတာ အိပ်ဟောက်ရှူပိတ် ရောဂါ Sleep Apnoea ရှိ/မရှိ ကို Polysomnography (PSG) သို့မဟုတ် Home Sleep Apnoea Test (HSAT) ဆိုတဲ့ စစ်ဆေးနည်းနဲ့ စမ်းသပ်စစ်ဆေးပေးတာ ဖြစ်ပါတယ်။

အိပ်ပျော်နေစဉ်မှာ စက်တပ်ဆင်ထားပြီး အိပ်စက်နေချိန်အတွင်း သွေးတွင်း Oxygen ပါဝင်မှုနှုန်း၊ အသက်ရှုနှုန်း၊ နှလုံးခုန်နှုန်း၊ အသက်ရှုသည့် အနေအထားပုံစံ၊ အိပ်စက်မှုအနေအထားပုံစံမှန်ကန်မှု ရှိမရှိ၊ အိပ်ပျော်နေစဉ် ဟောက်သည့်အကြိမ်အရေအတွက် စသည့်အချက်အလက်တို့ကို မှတ်သားထားပြီး ရရှိလာတဲ့အချက်အလက်တွေကနေတစ်ဆင့် OSA ရောဂါ ရှိ/မရှိ အဖြေ ကို လွယ်ကူ မှန်ကန်စွာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုလူတွေ စစ်ဆေးသင့်လဲ?

*အိပ်ပျော်နေစဉ်အတွင်း ကျယ်လောင်စွာဟောက်ခြင်း

*အိပ်ပျော်နေစဉ် မကြာခဏ အသက်ရှုရပ်သွားခြင်း

*ရုတ်တရက်အသက်ရှုကြပ်၍လန့်နိုးလာတတ်ခြင်း

*အိပ်ရေးမဝခြင်းကြောင့် နေ့ဖက်တွင်အိပ်ငိုက်နေတတ်ခြင်း

*နေ့ဖက်လုပ်ငန်းဆောင်တာများတွင် ကောင်းစွာအာရုံမစိုက်နိုင်ခြင်း စသည်တို့ကိုခံစားနေရပါက စစ်ဆေးမှုခံယူသင့်ပါတယ်။
ထိုလက္ခဏာများအပြင် အဝလွန်ခြင်း၊ ‌သွေးတိုးရောဂါ၊ ဆီးချိုရောဂါ အစရှိသောရောဂါများတွဲလျက် ခံစားနေရပါက OSA ရောဂါအတွက် မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။

စစ်ဆေးမှုက ဘယ်လိုမျိုးလဲ?

BMC Polywatch YH-600B စက်တပ်ဆင်ပြီး
HSAT (Home Sleep Apnoea Test) ခံယူနေပုံ

အချိန် ၁ ညသာ လိုအပ်ပြီး အိပ်ပျော်နေစဉ်အတွင်းမှာ စက်က တိုင်းတာပေးနေမှာ ဖြစ်ပါတယ်။
စက်တွေ ကြိုးတွေတပ်ဆင်ထားပြီး အိပ်စက်ရမှာ ဖြစ်ပေမယ့် နာကျင်မှုမရှိ၊ သက်တောင့်သက်သာဖြစ်တဲ့ တပ်ဆင်မှုမျိုးဖြစ်တဲ့အတွက် အခက်အခဲမရှိ အိပ်စက်နိုင်တဲ့ လွယ်ကူပြီးအဖြေတိကျတဲ့ စစ်ဆေးမှုမျိုးကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

စစ်ဆေးမှုက Level ဘယ်နှမျိုး ခွဲထားလဲ?

Sleep Study Test ကို အကြမ်းဖျင်းအားဖြင့် Level 1, 2, 3 ဆိုပြီး သုံးဆင့် ခွဲထားပါတယ်။ စစ်ဆေးမယ့်သူက မိမိနဲ့ ကိုက်ညီတဲ့ Level တစ်ခုကိုသာ ရွေးချယ်စစ်ဆေးဖို့လိုပါတယ်။ မိမိက ဘယ် Level နဲ့ ကိုက်ညီလဲသိချင်ရင်တော့ အောက်က ပိုစ့် ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။

Stay Tuned … Coming Later … PSG Level 1, 2, 3

ဘယ်လို စက်အမျိုးအစားတွေ ရှိလဲ?

Polysomnography Sleep Test အတွက် Polypro ဆိုတဲ့ အိပ်စက်‌နေစဉ် စက်ကိုဘေးမှာထားပြီး တိုင်းတာပေးတဲ့ စက်အမျိုးအစားမျိုးရှိသလို PolyWatch ဆိုတဲ့ အရွယ်အစားပိုမိုသေးငယ်ပြီး တပ်ဆင်ရလွယ်ကူတဲ့စက်အမျိုးအစားလဲ ရွေးချယ်လို့ရပါတယ်။

စစ်ဆေးပြီးရင် အဖြေကို ဘယ်လို သိနိုင်မလဲ?

တစ်ညတာ စက်တပ်ဆင်ပြီးတာနဲ့ တိုင်းတာမှတ်သားထားတဲ့ အချက်အလက်တွေကနေ OSA ရောဂါ ရှိ/ မရှိ အဖြေကို ရက်အနည်းငယ် အတွင်း သိရှိ ရနိုင်မှာ ဖြစ်ပြီး လိုအပ်တဲ့ ကုသမှုဆိုင်ရာ အကြံပေးခြင်း၊ ဆွေးနွေးပေးခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။