အိပ်ဟောက်ရှူပိတ် ရောဂါ ကုသနည်းများ

  1. PAP Therapy – Gold Standard
  2. Oral Appliance ( MAD, TRD)
  3. Neuromuscular Stimulator
  4. Surgery
  5. Lifestyle Changes and Others
  6. New Pressure used Devices

လေဖိအားပေးစက်ဖြင့် ကုသခြင်း
PAP Therapy

CPAP, Auto CPAP, BiPAP စက်တွေက အိပ်ပျော်နေစဉ် လေပြွန်မပိတ်စေရန် ဖိအားမြင့်လေကို အသုံးပြုတဲ့ နည်းလမ်းနဲ့ ကုသတာဖြစ်ပြီး အိပ်နေစဥ် OSA အတွက် အသုံးအများဆုံး နှင့် အထိရောက်ဆုံး ကုသမှုဖြစ်ပါတယ်။

ပါးစပ်အတွင်းထည့် သွားဘက်ဆိုင်ရာကိရိယာများ
Oral Appliance ( MAD & TRD )

မေးရိုးရှေ့ထုတ် ကိရိယာ ( Mandibular Advancement Device ) နဲ့ လျှာထိန်းကိရိယာ ( Tongue Retaining Device ) တို့က သွားဆရာဝန်နဲ့ တိုင်ပင်ပြီး တပ်ဆင်ရတဲ့ သွားဘက်ဆိုင်ရာ ကိရိယာတွေဖြစ်ပါတယ်။ ရောဂါအခြေအနေ အသင့်အတင့်ရှိသူတွေ ဒါမှမဟုတ် လေဖိအားပေးစက် (PAP) ကို အသုံးမပြုနိုင်သူများအတွက် အစားထိုးနည်းလမ်းဖြစ်ပါတယ်။

အာရုံကြောနှင့် ကြွက်သား လှုံ့ဆော်ကိရိယာများ
Neuromuscular Stimulators

ဒါတွေက ပါးစပ်ထဲမှာ ထည့်ရပေမယ့် လေပြွန်ကို ထောက်ကန်ပေးတာမျိုး မဟုတ်ဘဲ အာရုံကြောကို လှုံ့ဆော်ပေးတာ ဖြစ်ပါတယ် –

  • HGNS (Hypoglossal Nerve Stimulator) : ဒါကတော့ ခွဲစိတ်ထည့်သွင်းရတဲ့ (Implantable Device) ဖြစ်ပါတယ်။ လျှာအောက်အာရုံကြောကို လျှပ်စစ်ဖြင့် လှုံ့ဆော်ပေးတာပါ။
  • Daytime Neuromuscular Stimulation : ဒါက ပါးစပ်ထဲမှာ ထည့်ရတဲ့ ကိရိယာ ဖြစ်ပေမယ့် ညဘက် အိပ်တဲ့အခါ တပ်စရာမလိုပါဘူး။ နေ့ဘက်မှာ မိနစ် ၂၀ ခန့် လျှာကြွက်သားကို လေ့ကျင့်ပေးတဲ့ ကိရိယာ (Muscle Trainer) ဖြစ်ပါတယ်။

ခွဲစိတ်ကုသခြင်း
Surgical Options

အာသီးဖြတ်ခြင်း(Tonsillectomy)၊ မေးရိုးချဲ့ခြင်း(Maxillary Expansion) ၊ ကိုယ်အလေးချိန်လျှော့ချရန် အစာအိမ်ခွဲစိတ်ခြင်း (Bariatric Surgery) သို့မဟုတ် အလွန်ပြင်းထန်ပါက လည်ပင်းဖောက်၍ အသက်ရှူလမ်းကြောင်းဖော်ခြင်း (Tracheostomy) စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

နေထိုင်မှုပုံစံ ပြောင်းလဲခြင်း နှင့် အခြားကုသမှုများ
Lifestyle Changes & Others

ရောဂါအခြေအနေ မပြင်းထန်တဲ့ သူတွေနဲ့ သာမန် ဟောက်ခြင်းမျိုး အတွက်ဆိုရင်တော့ ဒီလိုကုသခြင်း မျိုးလေးတွေကလည်း ကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါတယ်။

  • အိပ်စက်သည့် ပုံစံပြောင်းခြင်း( Postural changes) : ပက်လက်အိပ်ခြင်းကို ရှောင်ကြဉ်ပါ။ ဘေးစောင်းအိပ်ပါ။
  • နေထိုင်မှုပုံစံ ပြောင်းလဲခြင်း(lifestyle changes)  : ကိုယ်အလေးချိန် ထိန်းညှိခြင်း၊ အိပ်ဆေး သို့မဟုတ် အရက်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း။
  • အခြားအထောက်အကူ ပြုပစ္စည်းများ : ခေါင်းအုံး မြင့်မြင့်အိပ်ခြင်း၊ ဟောက်ခြင်း ကာကွယ်သည့် ကိရိယာများ သို့မဟုတ် နှာခေါင်းကပ်ခွာများ အသုံးပြုခြင်း။

အခြားသော လေဖိအားသုံးကိရိယာ အသစ်များ
New Pressure used Devices

  • Nasal EPAP : နှာခေါင်းပေါက်မှာ ကပ်ရတဲ အဆို့ရှင်လေးတွေပါ ။ ရှူထုတ်လိုက်တဲ လေကို အနည်းငယ် ခုခံထားခြင်းဖြင့် လေပြွန်ကို ပွင့်အောင် လုပ်ပေးပါတယ် ။
  • Oral Negative Pressure Therapy : ပါးစပ်အတွင်း လေဟာနယ်ဖိအား (Negative Pressure) ကို အသုံးပြုပြီးတော့ လျှာကို ရှေ့ကိုဆွဲထုတ်ပေးတဲ့ ကိရိယာပဲဖြစ်ပါတယ်။ Mask တပ်စရာမလိုဘဲ ငြိမ်သက်စွာ အသုံးပြုနိုင်ပါတယ်။