နှာခေါင်းဆေးခြင်း

နှာခေါင်းဆေးခြင်း (Nasal Irrigation) ကို ဘယ်လို လူတွေ အသုံးပြုသင့်သလဲ ❓

(၁) မကြာခဏ နှာချေသောသူများ၊
(၂) နှာခေါင်းခြောက်သူများ၊
(၃) မကြာခဏ နှာစေးသူများ၊
(၄) အအေးမိတုပ်ကွေးကြောင့် နှာရည် ခဏ ခဏကျသူများ၊
(၅) နှာခေါင်းအတွင်းပိုင်း ရောင်ရမ်းခြင်းကြောင့် နှာပိတ်ခြင်းခံစားနေရသူများ၊
(၆) နေ့စဉ် မသန့်ရှင်းသော လေထုကို ရှူနေရသူများ၊
(၇) ကာလတို၊ နာတာရှည် ထိပ်ကပ်နာရောဂါ ခံစားနေရသူများ၊
(၈) နှာခေါင်းခွဲစိတ်ပြီး နေ့စဉ် နှာခေါင်းဆေးကြောရန် လိုအပ်သူများ

အနေဖြင့် နှာခေါင်းဆေးခြင်း (Nasal Irrigation) ကို ပြုလုပ်ပေးရန် လိုအပ်ပါတယ်။

✅ ဘယ်လို ကောင်းကျိုးတွေရနိုင်သလဲ ❓

(၁) နှာခေါင်းပိတ်သော သူများအတွက် နှာခေါင်းကို ပြန်လည်ဖွင့်ပေးခြင်း၊
(၂) နှာခေါင်းအတွင်း အညစ်အကြေးများကို သန့်စင်ပေးခြင်း၊
(၃) နှာခေါင်းအတွင်း ပိုးဝင်ခြင်းမှ ကာကွယ်ပေးခြင်း၊
(၄) ရောင်ရမ်းခြင်း

ကို ပြေပျောက်စေသောကြောင့် အသက်ရှူခြင်းကို ပိုမိုကောင်းမွန်စေခြင်း စသည့် ကောင်းကျိုးများ ရရှိစေနိုင်သောကြောင့် အထက်ပါလက္ခဏာရှိသူများအနေနှင့် နှာခေါင်းဆေးခြင်းကို လုပ်ဆောင်ပေးသင့်ပါတယ်။

✅ သတိပြုရမည့်အချက်များ

နှာခေါင်းဆေးရည်ဘူးအသုံးပြုရာတွင် ရိုးရိုးရေ၊ ရေသန့် စတာတွေနဲ့ အသုံးမပြုသင့်ပါဘူး။🚱

နှာခေါင်းဆေးရည်အတွက် သီးသန့်ထုတ်ထားတဲ့ သန့်စင်တဲ့ (Nasal Rinse Salt) ဆားထုပ်ကို သတ်မှတ်အချိုးအစားအတိုင်း ဖျော်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။

Nasal Irrigator နှာခေါင်းဆေးရည်ဘူး က အခြားအမှတ်တံဆိပ်တွေလို လက်အားနဲ့ ညှစ်စရာ မလိုအပ်ပါဘူး။ ဘူးအောက်ခြေမှာ ပါတဲ့ ခလုတ်လေး နှိပ်လိုက်ရုံပါပဲ။

300ml ဆံ့တာကလည်း အခြားအမှတ်တံဆိပ်တွေထက် ပမာဏ ပိုဆန့်ပါတယ်။

နှာခေါင်း ခေါင်း က လူကြီး၊ ကလေး အတွက် ၂မျိုး ပါတာကလည်း အခြားအမှတ်တံဆိပ်တွေထက် ကွာပါတယ်။ သူတို့မှာတော့ ခေါင်းတမျိုးတည်း ရှိပါတယ်။

နှာခေါင်းဆေးရည်တွေကို ဖျော်ပြီး ၁ရက်အတွင်း နေ့မကူးဘဲ အသုံးပြုသင့်ပါတယ်။

✅ အသုံးပြုပုံအညွှန်း