တရေးတမော အိပ်ခြင်း 

တရေးတမော အိပ်ခြင်း (Napping) ရဲ့ ကောင်းခြင်း၊ ဆိုးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေ ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

တရေးတမော အိပ်တာ ကောင်းလား??

✅ကောင်းပါတယ်။

စိတ်ပင်ပန်းနွမ်းနယ်တာတွေ သက်သာမယ်၊ တက်တက်ကြွကြွဖြစ်မယ်၊ စိတ်ကြည်လင်ပြီး၊ စွမ်းဆောင်ရည်တွေ ကောင်းလာမယ်၊ မှတ်ဉာဏ်စွမ်းရည်တွေကိုလည်း တိုးစေပါတယ်။

တရေးတမော အိပ်တယ် ဆိုတာ လူတိုင်း အတွက်တော့ လိုအပ်နေတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။

အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ ပညာရေးကြောင့်ပဲ ဖြစ်ဖြစ် အိပ်ရေးပျက်ထားတဲ့ သူမျိုးတွေ ဆိုရင် တရေးတမော အိပ်စက်ပေးဖို့ လိုပါတယ်။

တချို့သော အိပ်ယာ အပြောင်းအလဲကြောင့် အိပ်မပျော်သော အိပ်ရေးမဝသော သူတွေဟာဆိုရင်လည်း နေ့လည်ခင်းပိုင်းတွေမှာ တရေးတမော အိပ်သင့်ပါတယ်။

တရေးတမော အိပ်တာ ကြာချိန် ? 

တရေးတမော အိပ်ခြင်းကို ပုံမှန်အားဖြင့် (၁၀) မိနစ်ကနေ မိနစ် (၂၀) လောက်ထိသာ အိပ်စက်သင့်ပါတယ်။

အချိန်ကြာရှည်စွာ အိပ်စက်မိပါက ပင်ပန်းနွမ်းနယ်မယ်၊ မလုပ်ချင်မကိုင်ချင်ဖြစ်မယ်၊ ညဘက်အိပ်စက်ချိန်တွေကိုပါ အနှောက်အယှက်ပေးလာနိုင်ပါတယ်။

ညနေ (၃) နာရီနောက်ပိုင်း အိပ်စက်ခြင်း ဟာ ညဘက်အိပ်စက်ခြင်း ကို အင်မတန် ထိခိုက်စေပါတယ်။

နေ့ခင်းဘက် အမြဲ အိပ်ငိုက်ခြင်း ? နှင့် အိပ်ဟောက်ရှုပိတ်ရောဂါ OSA ?

 မိမိသည် ပင်ပန်းတာမျိုး၊ အိပ်ရေးပျက်တာမျိုးတွေ မရှိဘဲ နေ့လည်ခင်းပိုင်းတွေမှာ အလွန်အမင်း အိပ်ချင်မယ်၊ အချိန်ကြာမြင့်စွာ အိပ်နေမိမယ် ဆိုလျှင် မိမိမှာ အိပ်စက်ခြင်းနှင့် ပတ်သက်ပြီး တစ်ခုခု လွဲမှားနေနိုင်တာ ဖြစ်လို့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

ဥပမာ- OSA အိပ်ဟောက်ရှူပိတ်ရောဂါ ကိုခံစားနေရသူ တွေဟာဆိုရင် ညအချိန်တွေမှာ ကောင်းမွန်သော အိပ်စက်ခြင်း ကို မရရှိနိုင်ပါဘူး။

ဒါကြောင့် နေ့ခင်းဘက်တွေမှာ အလွန်အမင်း အိပ်ငိုက်ခြင်း၊ လန်းလန်းဆန်းဆန်း မရှိခြင်း၊ ခဏခဏ အိပ်ပျော်သွားခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်ဗျ။

National Napping Day – 13th March

William Anthony (Psychologist From Boston University) ဟာဆိုရင် 1999 ခုနှစ်မှာ National Napping Day ကို စတင်သတ်မှတ်ခဲ့ပါတယ်။ များသောအားဖြင့် March လ 13 ရက်နေ့မှာ ကျင်းပလေ့ရှိပြီး လာမယ့် 2025, March 13 ရက်နေ့ဟာ ဆိုရင် National Napping Day ပဲဖြစ်ပါတယ်။