
Home Sleep Apnea Test
Home Sleep Apnea Test (HSAT) ဆိုတာ အိပ်ဟောက်ရှူပိတ် ရောဂါ (OSA) ရှိမရှိကို သိရှိအောင် လုပ်ဆောင်ရတဲ့ စမ်းသပ်စစ်ဆေးမှု တစ်ခု ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာတော့ လူနာက မိမိအိမ်မှာပဲ အိပ်ပျော်နေစဉ် အသက်ရှူနှုန်း နဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာနိုင်တာပဲ ဖြစ်ပါတယ်။
ဘယ်သူတွေက HSAT ကို လုပ်ဆောင်သင့်တာလဲ
HSAT ကို ဒီလိုလူမျိုးတွေမှာ စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
(၁) အိပ်ပျော်နေစဉ် အသက်ရှူရပ်သည့် ရောဂါလက္ခဏာရှိသူများ – ဟောက်သံကျယ်ခြင်း (Loud Snoring) ၊ နေ့ဘက်တွင် အလွန်အမင်းအိပ်ငိုက်ခြင်း (Daytime Sleepiness) ၊ မောပန်းနွမ်းနယ်ခြင်း (Fatigue) ၊ နံနက်ပိုင်းတွင် ခေါင်းကိုက်ခြင်း (Morning Headaches) ၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း နှင့် စိတ်တိုလွယ်ခြင်း စသည့်လက္ခဏာများ ခံစားနေရသူများ။
(၂) အိပ်ပျော်နေစဉ် အသက်ရှူရပ်သည့် ရောဂါ ဖြစ်နိုင်ခြေမြင့်မားသူများ – အဝလွန်သူများ၊ အသက်ကြီးသူများ၊ အမျိုးသားများ၊ မိသားစုဝင်ထဲတွင် Sleep Apnea ရှိဖူးသူများနှင့် လည်ပင်းတုတ်ခြင်း ဒါမှမဟုတ် လေပြွန်ကျဉ်းခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေရှိသူများ။
(၃) အခြားရောဂါအခံရှိသူများ – Sleep Apnea က အခြားသောရောဂါတွေ နဲ့လည်း ဆက်စပ်နေနိုင် ပါသေးတယ်။ဥပမာ – သွေးတိုး ၊ ဆီးချို ၊ နှလုံးသွေးကြောရောဂါ နှင့် လေဖြတ်ဖူးသူများ။ အထူးသဖြင့် ဒီရောဂါတွေကို ကုသနေပေမဲ့လည်း ကောင်းကောင်း မထိန်းချုပ်နိုင်ဘူးဆိုရင် HSAT ကိုစစ်ဆေးသင့်ပါတယ်။
(၄) နေ့ဘက်တွင် မူမမှန်သည့်လက္ခဏာရှိသူများ – အလုပ်လုပ်နေစဉ် သို့မဟုတ် နေ့ဘက်မှာ အလွန်အမင်းအိပ်ငိုက်ခြင်း နှင့် စိတ်တိုလွယ်ခြင်းတို့ဟာ Sleep Apnea ကြောင့် ဖြစ်နိုင်တာကြောင့် ဆရာဝန်နှင့် ပြသ တိုင်ပင် စစ်ဆေးသင့်ပါတယ်။
(၅) ရောဂါရှိရန် ရာခိုင်နှုန်းများသူများ – ဆရာဝန်က လူနာ၏ ရောဂါရာဇဝင်နှင့် ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးပြီးတဲ့နောက် Sleep Apnea ဖြစ်နိုင်ခြေ အလွန်များနေတယ် လို့ ယူဆတဲ့အခါမှာ ရောဂါကို အတည်ပြုဖို့နဲ့ ဘယ်လောက်ပြင်းထန်နေ တာလဲဆိုတာကို တိုင်းတာဖို့ စစ်ဆေးမှုပြုလုပ်ရပါတယ်။
(၆) ဆေးရုံတွင် မစစ်ဆေးနိုင်သူများ – သွားလာရေးခက်ခဲခြင်း ဒါမှမဟုတ် အခြားအကြောင်းရင်းတွေကြောင့် ဆေးရုံမှာအိပ်စက်ခြင်းဆိုင်ရာ ဓာတ်ခွဲခန်း (Polysomnography) တွင် မစစ်ဆေးနိုင်ပါက HSAT ကို အိမ်မှာ အဆင်ပြေစွာ စစ်ဆေးနိုင်ပါတယ်။
Reference
NOVA PULMONARY | Home Sleep Apnea Test (HSAT)
