
အကြားအာရုံချို့ယွင်းတာကို ကုသရန် သင်ဘယ်လောက်အတိုင်းအတာအထိ အကြားအာရုံချို့ယွင်းနေလဲဆိုတာ အရင်ဆုံးသိမှ မှန်ကန်ထိရောက်တဲ့ ကုသမှုကို ရရှိမှာဖြစ်ပါတယ်။
ဥပမာအားဖြင့် နားကြားကိရိယာတွေက အကြားအာရုံချို့ယွင်းတာ သိပ်မဆိုးသေးတဲ့သူတွေ၊ အသင့်အတင့်ချို့ယွင်းနေသူတွေ (Mild to Moderate Hearing Loss) အတွက် အဆင်ပြေနိုင်ပြီး အကြားအာရုံ ချို့ယွင်းမှု ဒီဂရီ ဆိုးသူများအနေနဲ့ ခွဲစိတ်နားကြားစက် (Hearing Implant) တပ်ဆင်ခြင်းက ကုသမှုဖြစ်ပါတယ်။
| Degree of Hearing Loss | Hearing Loss Range (dB) |
|---|---|
| အကြားအာရုံ ချို့ယွင်းမှု မရှိပါ။ ပုံမှန် အကြား ရှိသူ။ | <25 dB HL |
| အကြားအာရုံ ချို့ယွင်းမှု အဆင့် သိပ်မဆိုးပါ။ | 26 – 40 dB HL |
| အကြားအာရုံ ချို့ယွင်းမှု အဆင့် အသင့်အတင့် ရှိသည်။ | 41 – 70 dB HL |
| အကြားအာရုံ ချို့ယွင်းမှု အဆင့် ဆိုးရွားသည်။ | 71 – 90 dB HL |
| စကားသံများကို လုံးဝ မကြားရတော့ပါ။ | 91 dB HL + |
