
လိုအပ်သော ပစ္စည်းများ

- ရေဇလုံ သို့မဟုတ် ဘေစင်
- ရေနွေး
- ဆပ်ပြာဆီ အပျော့စား
- အဝတ်သန့်
CPAP စက်နှင့် Accessories များကို အဆင့်ဆင့် ဘယ်လိုသန့်မလဲ❓
- စက် ကို ဘက်ထရီ၊ မီးပလပ်တို့ မှ ဖြုတ်ပါ။
- ပိုက်၊ Mask မေးသိုင်းကြိုးများ ကို လည်း တစ်ခုစီဖြုတ်ပါ။
- ရေငွေ့ ပေးစက်ပါဝင်လျှင် ရေထည့်သည့်ခွက် ကို ဖြုတ်ပါ။
- အဝတ်သန့်တစ်ခု ကို ရေနွေးစွတ်ပြီး စက်မျက်နှာပြင် ကို သန့်ရှင်းအောင် သုတ်ပေးပါ။
- ဘေစင် သို့ ဇလုံအသန့်တစ်ခုထဲတွင် ရေနွေးနွေး ဖြည့်ပြီး ဆပ်ပြာဆီအပျော့စား အနည်းငယ်ထည့်ပါ။
- ပိုက်၊ Mask၊ မေးသိုင်းကြိုး၊ ရေခွက်များ ကို ရေထဲတွင် မိနစ်၃၀ခန့် စိမ်ထားပေးပါ။
- အဝတ်ဖြင့် ညင်သာစွာပွတ်ပြီး ဆေးနိုင်ပါသည်။
- ဆေးပြီးလျှင် လေဝင်လေထွက် ကောင်းသောနေရာတွင် လေသလပ် အခြောက်ခံထားပေးပါ။
- ကောင်းမွန်စွာ ခြောက်သွေ့ပါက ပြန်လည်တပ်ဆင် အသုံးပြုနိုင်ပါပြီ။
❌သတိပြုရန်❌
၁။ Brush အကြမ်းများဖြင့် ပွတ်တိုက် ဆေးကြောမိပါက အစင်းရာများ ထင်သွားလျှင် ထိုအစင်းရာများကြားတွင် ဘတ်တီးရီးယားပိုးများ ကိန်းအောင်းနေတတ်သောကြောင့် အသက်ရှူလမ်းကြောင်းအတွက် အန္တရာယ်ရှိနိုင်ပါသည်။
၂။ စက်အနောက်တွင် ရှိသော Air Filter သည် လေတိုက်ရိုက်ဝင်သော နေရာဖြစ်သောကြောင့် မကြာခဏ စစ်ဆေးပေးရန်လိုအပ်ပါသည်။ မိမိ အိပ်ခန်းတွင် ဖုန်များရင် များသလို သန့်ရှင်း ဆေးကြောပေးရန် လိုအပ်ပါသည်။
ဘယ်လောက်တစ်ခါဆေးကြောပေးစရာလိုမလဲ?💕

| နေ့စဉ် | အပတ်စဉ် | လစဉ် |
|---|---|---|
| Mask Cushion & Frame | CPAP machine Breathing Tube Mask Headgear Water Chamber | Air Filter |
နေ့စဉ်
၁။ မျက်နှာအရေပြားနှင့် တိုက်ရိုက်ထိစပ်နေသော Mask Cushion နဲ့ Frame အစိတ်အပိုင်းတွေကို စိုစွတ်သောအဝတ် သို့မဟုတ် Baby Wipe (Wet Tissue) နှင့် သန့်စင်ပေးရန်။
၂။ ရေထည့်သည့်ခွက် (Water Chamber) ကို အသုံးပြုပြီးပါက ရေကိုသွန်ပြီးအခြောက်ခံရန်။
၃။ ရေညှိများတက်နိုင်သည့်အတွက် ရေကိုနေ့စဉ်လဲလှယ်ပေးရန်။
အပတ်စဉ်
၁။ စက်မျက်နှာပြင်ရှိဖုန်များကို အဝတ်တစ်ခုဖြင့် သန့်စင်ပေးရန်။
၂။ Breathing Tube၊ Mask၊ ခေါင်းသိုင်းကြိုးနှင့်ရေထည့်သည့်ခွက်များကို တစ်ပတ်တစ်ခါ ဆပ်ပြာရည်ဖြင့်ဆေးပေးရန်။
လစဉ်
၁။ လေစစ် (Air Filter) ကိုတစ်လတစ်ကြိမ် ဆေးကြောသန့်စင်မှုပြုလုပ်ပြီး သေချာခြောက်သွားမှသာ စက်တွင် ပြန်လည်တပ်ဆင်ပြီး အသုံးပြုရန်။
3B Lumin စက်ဖြင့် ပိုးသတ်ပေါင်းခံခြင်း

- ပုံမှန်သန့်ရှင်းရေး ပြုလုပ်ရုံဖြင့် မဖယ်ရှားနိုင်သော ပိုးမွှားများ ကို 3B Lumin စက်၏ UV Light အသုံးပြုပြီး ပိုးသတ်ပေးခြင်း ဖြစ်ပါတယ်။
- လူကို ဒုက္ခ ပေးစေသော Ozone ဓာတ်မပါဝင်သည့်အတွက် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်သည်။
- အသုံးပြုလွယ်ကူပြီး အချိန် ၅ မိနစ်ပေးရုံဖြင့် ပိုးမွှားများ ကို 99.9% ဖယ်ရှားသန့်စင်ပေးပါသည်။
- CPAP Mask များသာမက အခြားသော Accessories များ (နားကပ်၊ လက်ဝတ်လက်စား၊ သွားတိုက်တံ,etc.) ကိုလည်း ပိုးသတ်နိုင်ပါသည်။
ဘာကြောင့် အဆင့်ဆင့် သန့်စင်ခြင်းက အရေးကြီးလဲ?

- မှိုနှင့် ဘက်တီးရီးယား များ ပေါက်ပွားနိုင်ခြင်းကြောင့် ကျန်းမာရေးအတွက် အန္တရာယ်ရှိခြင်း။
- ဓာတ်မတည့်ခြင်း (Allergies) နှင့် အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်းများ ဖြစ်နိုင်ခြင်း။
- Mask တပ်ဆင်သည့်အခါ အရေပြားနှင့် ထိတွေ့ နေသည့် အစိတ်အပိုင်းတွင် သန့်ရှင်းမှု မရှိခြင်းကြောင့် အရေပြားရောဂါ ရနိုင်ခြင်း။
- အနံ့အသက်ဆိုးခြင်း။
- စက်ပစ္စည်းများထဲတွင် အညစ်အကြေးများ စုပုံအနည်ကျခြင်းကြောင့် စက်ချို့ယွင်းမြန်ခြင်း။
- မိမိ၏ ဂရုမစိုက်မှုကြောင့် ဖြစ်သော စက်ချို့ယွင်းမှု ဖြစ်သည့်အတွက် Warranty ရရှိရန် မပြည့်မှီခြင်း။
BMC iVolve Nasal Mask တပ်ဆင်ပုံနှင့် သန့်စင်ပုံအဆင့်ဆင့်
