
CPAP / AutoCPAP / BiPAP တွေ စတပ်တပ်ချင်း စိုးရိမ်ပူပန်တာမျိုးတွေ တချို့သူတွေမှာ ရှိတတ်ပါတယ်။ စက်နဲ့ အသားကျသွားအောင်၊ စက်ရဲ့ အထာသိသွားအောင် နေ့လည်ဘက် ကြိုတင် အသက်ရှုစက် စမ်းတပ်ကြည့်သင့်ပါတယ်။ ဒါဆိုရင် ညပိုင်း အိပ်ခါနီးကျရင် အိပ်ဖို့ အချိန် သိပ်ယူစရာ မလိုတော့ဘဲ ကောင်းကောင်း အိပ်ပျော်နိုင်မှာပါ။
CPAP ကို တပ်အိပ်တဲ့အခါ စနစ်တကျ တပ်ဆင်၍အိပ်ဖို့ အရေးကြီး ပါတယ်။ အောက်ပါ Complaints များကတော့ အသက်ရှုစက် တပ်ဆင်သူတွေ အဖြစ်များတဲ့ ပြဿနာများနဲ့ ဘယ်ကြောင့် ဖြစ်တာလဲ နှင့် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကိုပါ နားလည်အောင် ရှင်းပြပေးထားပါတယ်။
