နားအကြားနှုန်းပြ ဂရပ်(ဖ်)

📈 နားအကြားနှုန်းပြဂရပ်(ဖ်) 📈

အသံ ၏ အခြေခံ ယူနစ်တွေ ဖြစ်တဲ့

  1. အသံကြိမ်နှုန်း (Frequency ~ Hz)
  2. အသံကျယ်နှုန်း (Decibel ~ dB)
  3. မိမိပတ်ဝန်းကျင်မှ အသံတွေ နဲ့ ဥပမာများ
  4. ဘာသာစကား နားလည် သင်ယူဖို့ Speech Banana
  5. နားအကြားနှုန်းပြ ဂရပ်(ဖ်) ထွက်ဖို့ စမ်းသပ်ပုံ အဆင့်ဆင့်

အကြမ်းဖျင်း တို့ကို နားလည်လွယ်အောင် ရှင်းပြထားပါတယ်

〰️ အသံကြိမ်နှုန်း (Frequency ~ Hz) 〰️

လူတို့ သည် အသံကြိမ်နှုန်း 20Hz to 20kHz ကြား ကြိမ်နှုန်း အသံတွေ နားထောင်နိုင် (သို့) ကြားနိုင်သည်။

နားအကြားနှုန်းပြ ဂရပ်ဖ် Audiogram မှာတော့ 250Hz – 8kHz ကြား ကြိမ်နှုန်း အသံတွေ သာ ဖော်ပြထားသည်။

ဘယ်ဘက်ခြမ်း ရှိ အသံ ကြိမ်နှုန်း တွေကို ကြိမ်နှုန်းနိမ့် Low Frequency ၊ Bass ဘယ်သံ

ညာဘက်ခြမ်း ရှိ အသံ ကြိမ်နှုန်း တွေကိုတော့ ကြိမ်နှုန်းမြင့် High Frequency ၊ ညာသံ စသဖြင့် ခေါ်ကြသည်။

🔊 အသံကျယ်နှုန်း (Decibel ~ dB) 🔊

dB သည် လူကောင်း တယောက် နှင့် နှိုင်းယှဉ်ထားတာ ဖြစ်သည့် အတွက် 0 dB သည် အသံ မရှိသည့် အခြေအနေ မဟုတ်ပေ။ အကြားအာရုံ ကောင်းသည့် လူကောင်း တယောက် ကြားနိုင်သည့် အတိုင်း ကြားသည် ဟုသာ ကောက်ချက်ချနိုင်မည် ဖြစ်သည်။

0-25dB – ပုံမှန် အကြား ရှိသူ
26-40dB – အနည်းငယ် နားလေးသူ
41-55dB – အတော်အတင့် နားလေးသူ
56-70dB – အတော်အတင့် ဆိုးရွားစွာ နားလေးသူ
71-90dB – ဆိုးဆိုး ရွားရွား နားလေးသူ
>90dB – လုံးဝ နားလေးသူ / ဘာသံမှ မကြားနိုင်လောက်အောင် နားလေးသူ

🌳 မိမိပတ်ဝန်းကျင်မှ အသံတွေ နဲ့ ဥပမာများ 🌳

Stay Tuned … Coming Later …

🍌 ဘာသာစကား နားလည် သင်ယူဖို့ Speech Banana 🍌

20Hz-20kHz ကြား ကြိမ်နှုန်း ကြားနိုင်သော်လည်း ဘာလို့ 250Hz-8kHz ပဲ စမ်းရတာလဲ?
အဖြေ က Speech Banana လူ့ ဘာသာစကားတွေ အားလုံး ရဲ့ အသံထွက်တွေက ငှက်ပျောသီး ပုံသဏ္ဍာန် ထဲမှာပဲ ရှိနေတာကြောင့် ဖြစ်ပါတယ်။

နားစမ်းထားတဲ့ မျဉ်း က ငှက်ပျော်သီး ပုံသဏ္ဍာန် ရဲ့ အပေါ် မှာ ရှိနေတယ် ဆိုရင် … လူတွေရဲ့ စကားသံတွေ အားလုံး ကို ကောင်းကောင်း ကြားနိုင်နေတယ် လို့ ပြောလို့ ရပါတယ်။

အသံ ကြားရပြီး စကား နားမလည်ဘူး ဆိုတာက နားစမ်းထားတဲ့ မျဉ်း က ငှက်ပျောသီးပုံ ကို ဖြတ်သွားလို့ ဒါမှမဟုတ် အောက်ရောက်သွားလို့ ဖြစ်ပါတယ်။

👨🏽‍🔬 နားအကြားနှုန်းပြ ဂရပ်(ဖ်) ထွက်ဖို့ စမ်းသပ်ပုံ အဆင့်ဆင့် 👨🏽‍🔬

Stay Tuned … Coming Later …