
အသက်ရှူစက် (CPAP) အသုံးပြုသူတွေရဲ့ တစ်ဝက်ခန့်ဟာ လေယိုစိမ့်မှုဖြစ်ခြင်း (Mask Air Leak) ဆိုတဲ့ အဆင်မပြေမှုကို ကြုံတွေ့ရလေ့ ရှိပါတယ်။ Mask Air Leak ဖြစ်နေပြီဆိုရင်တော့ အသက်ရှူစက်တပ်ခြင်းရဲ့ ထိရောက်တဲ့ ကုသမှုကို အပြည့်အဝရနိုင်မှာ မဟုတ်ပါဘူး။
လေယိုစိမ့်ခြင်း (Mask Air Leak) ဖြစ်စေတဲ့အကြောင်းအရင်းများ
- Poor fit – Mask ကို လေလုံအောင် သေချာ မတပ်ထားခြင်းMask အမျိုးအစား နှင့် အရွယ်အစား ရွေးချယ်မှု မမှန်ကန်ခြင်း။
- A dirty mask – Mask စုတ်ပြဲနေခြင်း၊ သန့်ရှင်းမှု မရှိခြင်း။
- An old mask – Mask အသစ် မလဲဘဲ အဟောင်းကိုသာ အချိန်ကြာမြင့်စွာ အသုံးပြုနေခြင်း။
- Sleep position – အိပ်တဲ့ ခန္ဓာကိုယ် အနေအထား ပုံစံ အပြောင်းအလဲများခြင်း။
- Incorrect CPAP pressure – လေဖိအား (Pressure) များလွန်းခြင်း။
- Mouth Breathing – Mask တပ်ထားစဥ် ပါးစပ်ဖြင့် အသက်ရှူခြင်း။
လေယိုစိမ့်ခြင်း (Mask Air Leak) မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
- အရေးကြီးဆုံးကတော့ Mask ကို သေချာတပ်ဆင်ရပါမယ်။
- မိမိနှင့် ကိုက်ညီမယ့် Mask အမျိုးအစား ကို နားလည်တတ်ကျွမ်းသူတွေနဲ့ သေချာတိုင်ပင်ပြီး ရွေးချယ် ဝယ်ယူပါ။ Mask အရွယ်အစားကို Scaling Check (အရွယ်အစား တိုင်းတာသော ကတ်) ဖြင့် သေချာတိုင်းတာပြီး ရွေးချယ်ပါ။
- Mask ကို ၆လ (သို့မဟုတ်) ၁နှစ် တစ်ခါ အသစ် လဲပေးပါ။
- ပါးစပ်နဲ့ အသက်ရှုခြင်း Mouth Breathing အတွက် မေးသိုင်းကြိုး (Chin Strip) တပ်ဆင်နိုင်ပါတယ်။
- လိုအပ်ပါက လေဖိအား (Pressure) ကို ပြန်ချိန်ပါ။
