နားအူခြင်းအမျိုးအစားများ

နားအူခြင်း (Tinnitus) ဆိုတာ ပြင်ပက အသံကြောင့်မဟုတ်ဘဲ မိမိ၏နားအတွင်း သို့မဟုတ် ‌ဦးနှောက်ထဲမှာ ဆူညံသံကြားနေရခြင်းဖြစ်တယ်။ အချို့လူတွေကြားရတဲ့ ဆူညံသံတွေက ကျယ်နေတတ်ပြီး အချို့မှာတော့ တိုးလွန်းသောအသံများ၊ တဝီဝီမြည်သံများကိုသာ ကြားရတတ်ပါတယ်။ နားအူတာက များသောအားဖြင့် နားနှစ်ဖက်စလုံးမှာ ဖြစ်တတ်ပါတယ်။ နားတစ်ဖက်တည်းမှာဖြစ်နေပြီဆိုလျှင်တော့ ပိုပြီး သတိထားသင့်ပါတယ်။

ဒီ‌ဆောင်းပါးမှာတော့ နားအူခြင်းအမျိုးအစားတွေအကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။

(1) Subjective Tinnitus (Tonal Tinnitus)

(2) Objective Tinnitus (Non-tonal Tinnitus)

(3) Neurological Tinnitus

(4) Somatic Tinnitus ဆိုပြီး (၄)မျိုး အဓိက ခွဲထားပါတယ်။

(1) Subjective Tinnitus

Subjective Tinnitus ဆိုတာ သင့်နားထဲမှာ ဆူညံနေတဲ့ အသံတွေက သင့် အတွက် ကျယ်နေတာဖြစ်နေရင်တောင် ဘေးလူက မကြားရတဲ့ အခြေအနေကို ပြောတာပါ။ နားအူခြင်းအမျိုးအစားတွေထဲမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ များသောအားဖြင့် အလွန်ကျယ်လောင်တဲ့ အသံတွေကို နားထောင်ခြင်းကြောင့်ဖြစ်တတ်ပါတယ်။ နားအူနေရာကနေ ရုတ်တရက်လည်း ပျောက်သွားနိုင်သလို တစ်ခါဖြစ်လျှင် (၃)လမှ (၁)နှစ်ဝန်းကျင်ထိကြာတတ်ပြီး အဆိုးဆုံး လုံးဝပြန်မပျောက်တော့တာမျိုးလည်းရှိတတ်ပါတယ်။ Subjective Tinnitus Frequency တွေက Frequency တိတိကျကျရှိတဲ့ အသံမျိုးတွေဖြစ်ပြီး အမြဲလိုလို ဆက်တိုက်ကြားနေရတတ်ပါတယ်။

(2) Objective Tinnitus

Objective Tinnitus အမျိုးအစားကတော့ အဖြစ်နည်းတယ်။ နားအနီးတဝိုက်က ကြွက်သားတွေ၊ သွေးကြောတွေမှာ ပြဿနာရှိလို့ ဖြစ်တဲ့ နားအူခြင်းအမျိုးအစားပါ။ မိမိကိုယ်တိုင်သာမက စမ်းသပ်ပေးတဲ့ ဆရာဝန်ကပါ Stethoscope အသုံးပြုပြီးနားထောင်ကြည့်လျှင် ကြားနိုင်ပါတယ်။ Tinnitus Frequency တိတိကျကျမရှိတဲ့ သစ်ရွက်လှုပ်သံ၊ ကွဲအက်သံ၊ ဟိန်းသံ၊ တူရိုက်သံ ကဲ့သို့ အသံတွေကို ကြားနေရခြင်းဖြစ်ပါတယ်။

(3) Neurological Tinnitus

Menieres Disease ကဲ့သို့ ဦးနှောက်ရဲ့ အကြားအာရုံနှင့်သက်ဆိုင်သော စွမ်းရည်တွေ ထိခိုက်တဲ့အခါ ဖြစ်တဲ့ နားအူခြင်းအမျိုးအစားဖြစ်ပါတယ်။

(4) Somatic Tinnitus

Somatic Tinnitus က အကြားအာရုံနဲ့သက်ဆိုင်တဲ့ အာရုံကြောထိခိုက်မှုကြောင့် ဖြစ်တဲ့ အမျိုးအစားပါ။ အခြားသော အမျိုးအစားတွေထက် လက္ခဏာပိုဆိုးပါတယ်။ အထူးသဖြင့် လက်ချောင်းတွေလှုပ်လိုက်တဲ့အချိန်၊ မျက်နှာနှင့်ပါးစပ်အနားတစ်ဝိုက်ရှိ ကြွက်သားများ လှုပ်ရှားချိန်၊ လည်ပင်းနှင့် ဦး‌ခေါင်း လှည့်လိုက်ချိန်တွေမှာ နားအူတာ ပိုပြီး သိသာပါတယ်။

နားအကြားအာရုံချို့ယွင်းခြင်း Hearing Loss နှင့် အသံတဝီဝီမြည်ခြင်း Tinnitus သည် တွဲတွေ့ရလေ့ရှိသောကြောင့် နားကြားကိရိယာ တပ်ဆင်ပါက အသံတဝီဝီမြည်ခြင်း လည်း တွဲ၍ သက်သာလာလေ့ရှိပါတယ်။ အချို့သော Latest Version နားကြားကိရိယာများတွင် Tinnitus Function ထပ်ဆောင်းပါလာလေ့ရှိပါတယ်။ နားအူခြင်းကို လုံးဝပျောက်ကင်းအောင် မကုသနိုင်သေးသော်လည်း White Noise Generator အသံကုထုံးများဖြင့် သက်သာအောင်ပြုလုပ်နိုင်ပါတယ်။