
KAPAK လျှပ်စစ် ပိုးသတ် အခြောက်ခံစက်
KAPAK တံဆိပ် လျှပ်စစ် ပိုးသတ် အခြောက်ခံစက် (Electric Disinfection Dryer) ကို နားကြားကိရိယာများ (Hearing Aids) သာမက အခြားသော ခွဲစိတ်ထည့်သွင်းရသည့် နားကြားစက်များ (Cochlear Implant – CI) အတွက်ပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်။
KAPAK Features
အခြောက်ခံစက် Dryer
နားကြားကိရိယာများကို နေ့စဉ် စနစ်တကျ ထိန်းသိမ်းပေးပါက သက်တမ်းပိုမိုကြာရှည်ပြီး အသံအရည်အသွေး ကောင်းမွန်စွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ နားကြားကိရိယာများသည် ရေနှင့် အစိုဓာတ်ကို မခံနိုင်ပါ။ အချို့သော ကိရိယာများကို မိုးရေဖွဲဖွဲနှင့် ရေပက်ရုံလောက် ခံနိုင်သည့် နည်းပညာဖြင့် ပြုလုပ်ထားသော်လည်း ရေထဲသို့ လုံးဝ နစ်မြုပ်၍မရပါ။ ခန္ဓာကိုယ်မှ ထွက်သော ချွေးများနှင့် လေထုထဲမှ ဖုန်မှုန့်များကြောင့် နားကြားကိရိယာ လေပြွန်ပိုက်အတွင်း အညစ်အကြေးများ ပိတ်မိနေတတ်သည်။ ထိုသို့ အနည်းငယ် ပိတ်ဆို့ရုံမျှဖြင့်လည်း အသံအရည်အသွေး ကျဆင်းသွားတတ်ပါသည်။ ထို့ကြောင့် အစိုဓာတ် ကင်းစင်စေရန်အတွက် နားကြားကိရိယာ၏ ဘက်ထရီအိမ်ကို ဖွင့်ပြီး နေ့စဉ် အခြောက်ခံပေးရန် လိုအပ်ပါသည်။
ပိုးသတ်စက် Disinfection
အခြားသော နားကြားကိရိယာ အခြောက်ခံစက်များနှင့် မတူညီသည့် ကွာခြားချက်မှာ ပိုးသတ်စနစ် ပါဝင်ခြင်း ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် (UV-C) နည်းပညာဖြင့် ပိုးသတ်ပေးခြင်း ဖြစ်သောကြောင့် မိနစ်အနည်းငယ်အတွင်းမှာတင် ရောဂါပိုးမွှားများကို ထိရောက်စွာ သတ်ပေးနိုင်ပါသည်။
