CPAP စက်တပ်နေတုန်း ပါဝါပိတ်သွားလျှင် Mask ကြောင့်အသက်ရှူကြပ်နိုင်လား

 ✅ဒီနေ့မှာတော့ အများစုမေးလေ့မေးထရှိကြတဲ့ ”CPAP စက်တပ်အိပ်နေတုန်း မီးပျက်သွားလျှင် Mask တပ်ထားတော့ အသက်ရှူကြပ်သွားမလား” ဆိုတာနဲ့ပတ်သက်ပြီး ရှင်းပြချင်ပါတယ်။

✅များသောအားဖြင့် ညဘက် အိပ်နေတုန်း စက်ရပ်သွားတယ်ဆို တော်တော်များများ နိုးလာတတ်ကြပါတယ်

✅ဒါပေမဲ့ နိုးမလာခဲ့ရင်လည်း စိတ်ပူစရာမရှိပါဘူး။

✅CPAP Mask တွေက လေဝင်လေထွက်ရှိဖို့အတွက် အပေါက်လေးတွေ ပါဝင်ပြီး စျေးကွက်ထဲကို မတင်သွင်းခင်ကတည်းက FDA Approved ရရှိထားတာတွေပါ။

✅စက်ကနေ လေထုတ်ပေးတာရပ်သွားလျှင် CPAP Mask တွေက သင့်ကို အခန်းထဲကလေကို ရှူသွင်းနိုင်ဖို့ ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ထားတာပါ။

✅ကျနော်တို့ 𝗕𝗠𝗖 တံဆိပ်မှာ Mask တိုင်းက သဘာဝအတိုင်းလေရှူသွင်းရှူထုတ်နိုင်ဖို့ ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ထားပါတယ်။

✅𝙉𝙖𝙨𝙖𝙡 𝙈𝙖𝙨𝙠 အသုံးပြုသူတွေဆိုရင် ပါးစပ်ကနေအလိုအလျောက်အသက်ရှူမှာဖြစ်ပြီး 𝙁𝙪𝙡𝙡 𝙁𝙖𝙘𝙚 𝙈𝙖𝙨𝙠 အသုံးပြုသူတွေကတော့ စက်ရပ်သွားတဲ့တာ Safety Valve လေးက အလိုအလျောက် ပွင့်သွားပြီး အသက်ရှူနိုင်မှာဖြစ်ပါတယ်။

✅ဒါကြောင့် စက်ရပ်သွားလျှင် လူအများစုက နိုးလာတတ်ကြပြီး မနိုးခဲ့လျှင်တောင် အသက်ရှူကြပ်တာဖြစ်မှာမျိုး မဟုတ်ပါဘူး။

✅ညဘက်အိပ်ရင် အကျယ်ကြီးဟောက်တယ်လို သင့်အိမ်ထောင်ဖက်က ပြောနေပြီလား။

✅နေ့လယ်ဘက် အလုပ်လုပ်ချိန်၊ ကားမောင်းချိန်တွေမှာ အာရုံစူးစိုက်လို မရအောင် အလွန်အမင်း အိပ်ငိုက်နေပြီလား။

✅အိပ်နေရင်း အသက်ရှူရပ်သလို ဖြစ်ပြီး ရုတ်တရက် လန့်နိုးနေတတ်ပါသလား။

✅သင်ဟာ အဝလွန်နေပြီး စိတ်အပြောင်းအလဲ အရမ်းမြန်နေပြီလား။

✅ညဘက်တွေမှာ အချိန်အကြာကြီးအိပ်ပေမယ့် မနက်အိပ်ရာထချိန်တွေမှာ ခေါင်းကိုက်ပြီး အိပ်ရေးမဝသလို ခံစားနေရပါသလား။

👩‍⚕️သင့်မှာ ဒီလိုလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးပြီး အိပ်ဟောက်ရှူပိတ်ရောဂါ (𝙊𝙗𝙨𝙩𝙧𝙪𝙘𝙩𝙞𝙫𝙚 𝙎𝙡𝙚𝙚𝙥 𝘼𝙥𝙣𝙤𝙚𝙖 – 𝙊𝙎𝘼) ရောဂါ ရှိ၊ မရှိ သိသာစေရန် လွယ်ကူရိုးရှင်တဲ့ 𝙃𝙤𝙢𝙚 𝙎𝙡𝙚𝙚𝙥 𝘼𝙥𝙣𝙚𝙖 𝙏𝙚𝙨𝙩 (𝙃𝙎𝘼𝙏) စမ်းသပ်မှုကို တစ်ညတာခံယူလိုက်ပါနော်။