ဓာတ်မတည့်ခြင်းနှင့် အကြားအာရုံချို့ယွင်းမှု

ဓာတ်မတည့်ခြင်းက နားအကြားအာရုံ ခဏတာ ဆုံးရှုံးမှုကို ဖြစ်စေပါတယ် ။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ဓာတ်မတည့်ခြင်း ဖြစ်ပေါ်လာတဲ့အခါမှာ နှာချေခြင်း၊ ယားယံခြင်း၊ ဖောခြင်း၊ ချွဲတွေ ပုံမှန်ထက် ပိုထွက်ခြင်း စတာတွေ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာပါတယ်။ ကျွန်တော်တို့ရဲ့ အကြားအာရုံဖြစ်တဲ့ နားအတွင်းမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် နားအတွင်းမှာ အသံလှိုင်းတွေ ဝင်မလာနိုင်တဲ့ ပိတ်ဆို့ခြင်း ကိုဖြစ်ပေါ်စေပြီး Temporary conductive hearing loss လို့ခေါ်တဲ့ ခဏတာ အကြားအာရုံဆုံးရှုံးခြင်း ကို ဖြစ်ပေါ် စေတာ ဖြစ်ပါတယ်။ ကုသလို့ရတဲ့ အကြားအာရုံဆုံးရှုံမှု ဖြစ်တဲ့အတွက် စိတ်ပူစရာ မလိုဘဲ သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသလို့ ရပါတယ်။

✅ဓာတ်မတည့်ခြင်းကြောင့်အကြားအာရုံထိခိုက်ထားပါက ဘာတွေရှောင်ရမလဲ?

သင့်ရဲ့နားအတွင်းကို လက်ဖြင့်ကုတ်ခြင်း၊ နားဖာကလော်တံ၊ ပင်အပ်၊ နားဖာကြပ်တံ တွေဖြင့် ကလော်ခြင်း စတာတွေကိုရှောင်ကြဉ်သင့်ပါတယ်။ အဲ့ဒါတွေအစား သင့်ရဲ့နားကို ရေ​နွေးဝတ်စိုစိုဖြင့် ညင်ညင်သာသာ သန့်စင်ပေးသင့်ပါတယ်။

✅ဓာတ်မတည့်ခြင်းကြောင့်ကျွန်တော်တို့နားအတွင်း နေရာ(၃) ခုကို ထိခိုက်နိုင်ပါတယ်။

(၁) အပြင်နား( ဓာတ်မတည့်ခြင်းက နားအပြင်ဘက်နှင့် နားလမ်းကြောင်းကို ယားယံ ၊ ယောင်ယမ်းစေပါတယ်။)
(၂) အလယ်နား( ဓာတ်မတည့်ခြင်း မှစ၍ ဘတ်တီးရီးယားများ ပေါက်ပွါးလာပြီး နားပြည်ယိုခြင်း၊ မူးဝေခြင်း အထိပါ ဖြစ်နိုင်ပါတယ်။)
(၃) အတွင်းနား (ပုံမှန်လူဆို ဘာသက်ရောက်မှု မှ မရှိနိုင်ပေမဲ့ Meniere’s Disease ရှိတဲ့သူဆိုရင်တော့ အကြားအာရုံ ထိခိုက်နိုင်ပါတယ်။)

✅Allergen နှင့် နားကြားကိရိယာ

Allergens လို့ခေါ်တဲ့ အမှုန်တွေက နားကြားကိရိယာ ထဲတွင် ပိတ်စို့နေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် မိမိရဲ့ နားကြားကိရိယာကို သန့်စင်ပေးခြင်းဖြင့် မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။