CPAP စက်တွင် ရေကို သတ်မှတ်ထားတဲ့ ပမာဏ ထက်ကျော်လွန် ထည့်မိခြင်း

CPAP စက်အသုံးပြုတဲ့သူတွေ အနေနဲ့ ရေထည့်တဲ့ အကန့်မှာ ရေထည့်လျှင် “Maximum Line” ခေါ် အများဆုံးထည့်နိုင်တဲ့ ပမာဏထက် ကျော်မသွားရန် ဂရုပြုသင့်ပါတယ်

Maximum line ကို ကျော်ပြီး ထည့်မိလျှင် စက်ပျက်စီးနိုင်ရုံ သာမက စက်တပ်ဆင်သူ အတွက်ပါ အန္တရာယ် ရှိနိုင်ပါတယ်

💧သတ်မှတ်ထားတဲ့ ရေပမာဏ ထက် ပိုထည့်မိလျှင်

✅CPAP စက်အတွင်းသို့ ရေဝင်ပြီး စက်အလွယ်တကူပျက်နိုင်ခြင်း။

✅စက်အတွင်းမှ အသံဆူနေခြင်း။

✅လေထုတ်လွှတ်ရာလမ်းကြောင်းတွင် ရေစက်များ ပါလာခြင်း။

✅အသက်ရှူလမ်းကြောင်းအတွင်းသို့ ရေများဝင်ကာ သီးခြင်း၊ ချောင်းဆိုးခြင်း၊ ရေမွှန်းသကဲ့သို့ ခံစားရခြင်းကြောင့် အိပ်ရေးပျက်ရခြင်း။

✅အသက်ရှူလမ်းကြောင်း ပိုးဝင်နိုင်ခြင်း။

✅မျက်နှာ အရေပြား ယားယံတတ်ခြင်း။

✅CPAP စက်ဖြင့် ကုသရာမှာ ထိရောက်မှု မရှိခြင်း။

✅CPAP စက်တပ်အိပ်ရတာ သက်တောင့်သက်သာ မရှိခြင်း

စတဲ့ စက် အတွက်ရော၊ လူအတွက်ပါ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာမို့ Water Chamber အတွင်းသို့ ရေထည့်ရာမှာ အများဆုံးထည့်နိုင်တဲ့ ပမာဏ ထက် ကျော်လွန် မထည့်ရန် ဂရုပြု သင့်ကြောင်း အကြံပေးအပ်ပါတယ်👩‍💼