
လည်ပင်းလုံးပတ် အတိုင်းအတာ (Neck Circumference)
အကယ်၍ သင်က လည်ပင်းကြီးနေတာ (အမျိုးသားများတွင် လည်ပင်းလုံးပတ် အတိုင်းအတာ ၁၇ လက်မ နှင့် အထက် ၊ အမျိုးသမီးများတွင် လည်ပင်းလုံးပတ် အတိုင်းအတာ ၁၆လက်မ နှင့် အထက် ) ဆိုလျှင် အိပ်ဟောက်ရှူပိတ် ရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။
အောက်မေးရိုးတိုခြင်း (Micrognathia)
အောက်မေးရိုး ပုံမှန်ထက် တိုခြင်း သို့မဟုတ် နောက်သို့ ဆုတ်နေခြင်းက အိပ်နေစဉ် လျှာကို အနောက်ဘက်သို့ ကျသွားစေပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေပါတယ်။ ကိန်းဂဏန်း အချက်အလက်များအရ မွေးရာပါ အောက်မေးရိုးသေးသော ကလေးငယ်များ၏ ၈၈% ခန့်တွင် ပြင်းထန် အိပ်ဟောက်ရှူပိတ်ရောဂါ (Severe OSA) ဖြစ်ပွားနိုင်ချေ ရှိပါတယ်။
ဗိုက်တွင် အဆီစုခြင်း (Belly Fat / Centripetal Obesity)
ဗိုက်တွင် အဆီအဆမတန် များလာပါက လှဲအိပ်လိုက်သည့်အခါ အပေါ်ဘက်ရှိ ရင်ခေါင်းနှင့် အဆုတ်ကို ဖိမိသလို ဖြစ်စေပါတယ်။ ၎င်းက အသက်ရှူသွင်းသည့်အခါ အဆုတ်ထဲသို့ လေအလုံအလောက် ဝင်ရောက်ရန် ခက်ခဲစေပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အိပ်နေစဉ် အသက်ရှူရပ်သွားသည့် အခြေအနေ ( Sleep Apnoea )ထိ ဖြစ်လာတတ်ပါတယ်။
အိပ်ဟောက်ရှူပိတ် ရောဂါနှင့် ပတ်သတ်ပြီး အသေးစိတ်လေ့လာလိုပါက healthcare.aura.com.mm တွင်လည်း အသေးစိတ် ဖတ်ရှု့လေ့လာနိုင်ပါတယ်။
