ကမ္ဘာတစ်ဝှမ်းရှိ အသက် ၅ နှစ်မှ ၁၉ နှစ် အရွယ် ကလေးနှင့် လူငယ် သန်း ၉၀ ခန့် ဟာ အကြားအာရုံဆုံးရှုံးခြင်း ကိုခံစားနေရပါတယ်။ ( Global burden of disease study , 2021 )
ကလေးတွေမှာ အဖြစ်များပြီး ကာကွယ်ကုသနိုင်တဲ့ နားအကြားအာရုံချို့တဲ့ခြင်း များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
•နားအလယ်ပိုင်း ရောင်ရမ်းပြီး အရည်ကြည်စုခြင်း (Otitis Media with Effusion)၊
•နားပြည်ယိုခြင်း (Chronic Suppurative Otitis Media)
•နားဖာချေး ပိတ်ခြင်း (Impacted Ear Wax)
အချို့ သော အခြေအနေ တွေမှာ နားအကြားအာရုံ ချို့တဲ့ခြင်းဟာ မသိမသာ စတင်တတ်သော်လည်း အချိန်ကြာလာသည် နှင့်အမျှ ပိုမိုဆိုးရွားလာ နိုင်ပါတယ်။ ဒီ အခြေအနေတွေကို မဖြေရှင်းပဲ ထားရှိမည်ဆိုလျှင် ကလေးများ၏ အကြားအာရုံ ကိုသာမက စကားပြောဆိုခြင်း (Speech) ၊ ဘာသာစကားကျွမ်းကျင်မှု ( Language ) ၊ သိမြင်နားလည်မှု ( Cognitive ) ၊ လူမှုဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ( Social Development ) စတာတွေကိုပါ ထိခိုက်စေပါတယ်။
ကလေးများတွင် ဖြစ်ပွားသော နားအကြားအာရုံ ချို့တဲ့မှုများ၏ ၆၀ ရာခိုင်နှုန်းကျော်သည် ရိုးရှင်းပြီး ကုန်ကျစရိတ်သက်သာသော ပြည်သူ့ကျန်းမာရေး လုပ်ဆောင်ချက်များမှတစ်ဆင့် ကာကွယ်နိုင်ပါတယ်။ နားရောဂါ သို့မဟုတ် အကြားအာရုံ ချို့တဲ့မှု ခံစားနေရသူများအတွက် စောစီးစွာ ဖော်ထုတ်နိုင်ခြင်း နှင့် စောင့်ရှောက်မှု ခံယူခြင်း ဟာ ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးနှင့် နောင်လာမည့် အခွင့်အလမ်းများအပေါ် ရေရှည်ထိခိုက်မှု မရှိစေရန်အတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျောင်းကျန်းမာရေးနဲ့ ကလေးကျန်းမာရေး အစီအစဉ်တွေမှာ စနစ်တကျ စစ်ဆေးမှု (Systematic screening) နှင့် စောစီးစွာ ကြားဝင်ကုသမှု (Early intervention) အစီအစဉ်များကို ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် နားနှင့် အကြားအာရုံ ပြဿနာရှိသော ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော ဘဝရလဒ်များကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။
Poster For World Hearing Day 2026




Reference
WHO | World Hearing Day 2026
