နားကြားကိရိယာ အမျိုးအစားများ

နားကြားကိရိယာ ပုံစံ အမျိုးအစားများ ကိုပဲ ဒီမှာ အဓိကထား ပြောပြပေးသွားမှာပါ။

နားနောက်ချိတ် ပုံစံ ဖြစ်သည့် Behind the Ear (BTE) နှင့် Receiver in Ear/Canal (RIE/RIC) နားကြားကိရိယာများသည် အတွေ့ရ အများဆုံး ဖြစ်ပါသည်။

အခြားသော နားထဲထည့်ရသော In the Ear (ITE) ကဲ့သို့နားကြားကိရိယာများလည်း ရှိပါသည်။

✅Behind the Ear (BTE)

  1. Classic BTE (With Earhook)
  2. Thin Tube BTE

Classic BTE (With Earhook)

Classic BTE (With Earhook)
Cosmetic View of Classic BTE

Thin Tube BTE

Thin Tube BTE 
Cosmetic View of Thin Tube BTE

✅Receiver in Canal (RIC)

  1. Classic RIC
  2. Slim RIC

Classic RIC

Classic RIC
Cosmetic View of Classic RIC

Slim RIC

Slim RIC
Cosmetic View of Slim RIC

✅In the Ear (ITE)

  1. Full Shell ITE
  2. Half Shell ITE
  3. In the Canal (ITC)
  4. Completely in Canal (CIC)
  5. Invisible in Canal (IIC)

Full Shell ITE

Full Shell ITE
Cosmetic View of Full Shell ITE

Half Shell ITE

Half Shell ITE
Cosmetic View of Half Shell ITE

In the Canal (ITC)

In the Canal (ITC)
Cosmetic View of In the Canal (ITC)

Completely in Canal (CIC)

Completely in Canal (CIC)
Cosmetic View of Completely in Canal (CIC)

Invisible in Canal (IIC)

Invisible in Canal (IIC)
Cosmetic View of Invisible in Canal (IIC)

ဘယ် ပုံစံ အမျိုးအစား က အကောင်းဆုံး လဲ?

ဒီမေးခွန်းကို ဖြေဖို့က မလွယ်ကူပါဘူး။ သင့်နားလေးအဆင့် (Degree of Hearing Loss) အပေါ်လည်း မူတည်သလို၊ သင်က ဘယ်လို အရာတွေ (လေ့ကျင့်ခန်း၊ အလှအပ) အတွက် အဓိကထား တပ်ဆင်မှာလဲဆိုတာအပေါ် မူတည်ပါတယ်။

နားထဲထည့်ရသော နားကြားကိရိယာများ (ITE/ITC) သည် အရွယ်အစားသေးသဖြင့် စွမ်းဆောင်ရည် ကန့်သတ်ချက် ရှိသည်။ အတော်အသင့် နားလေးအဆင့် (Mild to Moderate Hearing Loss) လောက်အထိတော့ ရွေးချယ်လို့ ရနိုင်သေးပါတယ်။

စွမ်းဆောင်ရည် အကောင်းဆုံး နဲ့ လူတွေအသုံးအများဆုံးကတော့ နားနောက်ချိတ်အမျိုးအစား (BTE နဲ့ RIC) တွေပဲ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် ကြိုးအသေးစားတွေကြောင့် သတိထား သေသေချာချာ ကြည့်မိမှ နားကြားကိရိယာ တပ်ထားတာကို သိနိုင်မှာပါ။ လူတွေ ထင်သလို မြင်သာလှချည်းတော့ မဟုတ်ပါဘူး။

နားထဲထည့်ရတဲ့ နားကြားကိရိယာ ထဲမှာ CIC နှင့် IIC ၂ခုသာ ဘေးက ကြည့်ရင် တော်ရုံ မမြင်ရတာပါ။ Full Shell & Half Shell ITE တွေက BTE & RIC ထက်တောင် တပ်ထားမှန်း သိသာလွန်းပါတယ်။