
- PAP Therapy – Gold Standard
- Oral Appliance ( MAD, TRD)
- Neuromuscular Stimulator
- Surgery
- Lifestyle Changes and Others
- New Pressure used Devices
လေဖိအားပေးစက်ဖြင့် ကုသခြင်း
PAP Therapy
CPAP, Auto CPAP, BiPAP စက်တွေက အိပ်ပျော်နေစဉ် လေပြွန်မပိတ်စေရန် ဖိအားမြင့်လေကို အသုံးပြုတဲ့ နည်းလမ်းနဲ့ ကုသတာဖြစ်ပြီး အိပ်နေစဥ် OSA အတွက် အသုံးအများဆုံး နှင့် အထိရောက်ဆုံး ကုသမှုဖြစ်ပါတယ်။
ပါးစပ်အတွင်းထည့် သွားဘက်ဆိုင်ရာကိရိယာများ
Oral Appliance ( MAD & TRD )
မေးရိုးရှေ့ထုတ် ကိရိယာ ( Mandibular Advancement Device ) နဲ့ လျှာထိန်းကိရိယာ ( Tongue Retaining Device ) တို့က သွားဆရာဝန်နဲ့ တိုင်ပင်ပြီး တပ်ဆင်ရတဲ့ သွားဘက်ဆိုင်ရာ ကိရိယာတွေဖြစ်ပါတယ်။ ရောဂါအခြေအနေ အသင့်အတင့်ရှိသူတွေ ဒါမှမဟုတ် လေဖိအားပေးစက် (PAP) ကို အသုံးမပြုနိုင်သူများအတွက် အစားထိုးနည်းလမ်းဖြစ်ပါတယ်။
အာရုံကြောနှင့် ကြွက်သား လှုံ့ဆော်ကိရိယာများ
Neuromuscular Stimulators
ဒါတွေက ပါးစပ်ထဲမှာ ထည့်ရပေမယ့် လေပြွန်ကို ထောက်ကန်ပေးတာမျိုး မဟုတ်ဘဲ အာရုံကြောကို လှုံ့ဆော်ပေးတာ ဖြစ်ပါတယ် –
- HGNS (Hypoglossal Nerve Stimulator) : ဒါကတော့ ခွဲစိတ်ထည့်သွင်းရတဲ့ (Implantable Device) ဖြစ်ပါတယ်။ လျှာအောက်အာရုံကြောကို လျှပ်စစ်ဖြင့် လှုံ့ဆော်ပေးတာပါ။
- Daytime Neuromuscular Stimulation : ဒါက ပါးစပ်ထဲမှာ ထည့်ရတဲ့ ကိရိယာ ဖြစ်ပေမယ့် ညဘက် အိပ်တဲ့အခါ တပ်စရာမလိုပါဘူး။ နေ့ဘက်မှာ မိနစ် ၂၀ ခန့် လျှာကြွက်သားကို လေ့ကျင့်ပေးတဲ့ ကိရိယာ (Muscle Trainer) ဖြစ်ပါတယ်။
ခွဲစိတ်ကုသခြင်း
Surgical Options
အာသီးဖြတ်ခြင်း(Tonsillectomy)၊ မေးရိုးချဲ့ခြင်း(Maxillary Expansion) ၊ ကိုယ်အလေးချိန်လျှော့ချရန် အစာအိမ်ခွဲစိတ်ခြင်း (Bariatric Surgery) သို့မဟုတ် အလွန်ပြင်းထန်ပါက လည်ပင်းဖောက်၍ အသက်ရှူလမ်းကြောင်းဖော်ခြင်း (Tracheostomy) စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။
နေထိုင်မှုပုံစံ ပြောင်းလဲခြင်း နှင့် အခြားကုသမှုများ
Lifestyle Changes & Others
ရောဂါအခြေအနေ မပြင်းထန်တဲ့ သူတွေနဲ့ သာမန် ဟောက်ခြင်းမျိုး အတွက်ဆိုရင်တော့ ဒီလိုကုသခြင်း မျိုးလေးတွေကလည်း ကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါတယ်။
- အိပ်စက်သည့် ပုံစံပြောင်းခြင်း( Postural changes) : ပက်လက်အိပ်ခြင်းကို ရှောင်ကြဉ်ပါ။ ဘေးစောင်းအိပ်ပါ။
- နေထိုင်မှုပုံစံ ပြောင်းလဲခြင်း(lifestyle changes) : ကိုယ်အလေးချိန် ထိန်းညှိခြင်း၊ အိပ်ဆေး သို့မဟုတ် အရက်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း။
- အခြားအထောက်အကူ ပြုပစ္စည်းများ : ခေါင်းအုံး မြင့်မြင့်အိပ်ခြင်း၊ ဟောက်ခြင်း ကာကွယ်သည့် ကိရိယာများ သို့မဟုတ် နှာခေါင်းကပ်ခွာများ အသုံးပြုခြင်း။
အခြားသော လေဖိအားသုံးကိရိယာ အသစ်များ
New Pressure used Devices
- Nasal EPAP : နှာခေါင်းပေါက်မှာ ကပ်ရတဲ အဆို့ရှင်လေးတွေပါ ။ ရှူထုတ်လိုက်တဲ လေကို အနည်းငယ် ခုခံထားခြင်းဖြင့် လေပြွန်ကို ပွင့်အောင် လုပ်ပေးပါတယ် ။
- Oral Negative Pressure Therapy : ပါးစပ်အတွင်း လေဟာနယ်ဖိအား (Negative Pressure) ကို အသုံးပြုပြီးတော့ လျှာကို ရှေ့ကိုဆွဲထုတ်ပေးတဲ့ ကိရိယာပဲဖြစ်ပါတယ်။ Mask တပ်စရာမလိုဘဲ ငြိမ်သက်စွာ အသုံးပြုနိုင်ပါတယ်။
