ဆူညံသံတွေ ပြည့်နှပ်နေတဲ့ ပတ်ဝန်းကျင်မှာ အသံကို ပိုကြည်စေဖို့ ဘာတွေ လုပ်ဆောင်လို့ ရမလဲ?

အကယ်၍ သင့်မှာ အရမ်းကောင်းတဲ့ အကြားအာရုံ ပိုင်ဆိုင်ထားရင်တောင် ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ အသံကောင်းကောင်းကြားရဖို့ ဆိုတာ မလွယ်ကူတဲ့အပြင် သင့်အကြားစွမ်းရည်ကိုလည်း ပင်ပန်းနွမ်းနယ်စေပြီး အကြားအာရုံ ထိခိုက်သည့် အဆင့်ထိပါ ဖြစ်လာနိုင်ပါတယ်။ 

ဒါဆိုရင် ဒါတွေကို ဘယ်လိုကျော်လွှားမလဲ?

(၁) ကိုယ့်ရဲ့ (Hearing sense) ကြားနိုင်စွမ်းရည် ကောင်းမွန်အောင် ပတ်ဝန်းကျင်ကို ပြောင်းလဲခြင်း။ 

ပဲ့တင်သံတွေကို စုပ်ယူနိုင်တဲ့ လိုက်ကာ၊ ကတ္တီပါကြမ်းခင်း၊ ဆိုဖာခုံ စတဲ့ ပစ္စည်းတွေကို အခန်းထဲ၌ ထားရှိခြင်း၊ ကိုယ်နဲ့ ကိုယ့်စကားပြောဖော် conversation တစ်ခုတည်ဆောက်ဖို့အတွက် ပဲ့တင်သံတွေ နည်းနိုင်သမျှနည်းသော နေရာဝန်းကျင်ကိုရွေးချယ်ခြင်း စတဲ့ ပြောင်းလဲမှုလေးတွေိကု ပြုလုပ်လိုက်မယ် ဆိုရင် သင့်ရဲ့ Hearing sense ကို ပိုကောင်းစေပါတယ်။

(၂) မိမိနှင့် မိမိ စကားပြောဖော်ကြား နီးနီးကပ်ကပ် ပြောခြင်း။

မိမိ နှင့် မိမိ စကားပြောဖော် နီးနီးကပ်ကပ် ရှိခြင်းအားဖြင့် သူရဲ့ အပြုအမူ၊ နှုတ်ခမ်း လှုပ်ပုံ စတဲ့ အကြားစွမ်းရည်ကို အထောက်အကူ ပြုစေတဲ့ အရာတွေကို သင် ခန့်မှန်း နိုင်ခြင်းအားဖြင့် နားလည်နိုင်မှု ကို တိုးတက်စေပါတယ်။

(၃) သင့်၏ နားနှစ်ဖက် တွင် ပိုအာရုံစိုက်နိုင်တဲ့ ဘက်ခြမ်းက နားထောင်ခြင်း။ 

(၄) ဆူညံတဲ့ ပတ်ဝန်းကျင် ဥပမာ စားသောက်ဆိုင် စတဲ့နေရာတွေ ကို သွားလျှင် လူအဝင်ထွက်များတဲ့ နေရာ၊ ဆူညံသံများတဲ့ မီးဖိုချောင် စတဲ့ နေရာတွေကို ရှောင်ကြည်ခြင်း။ 

(၅) အလင်းရောင်းတဲ့ နေရာကို ရွေးချယ်ခြင်း။ ( အလင်းရောင် ကောင်းခြင်းကြောင့် တစ်ဖက်လူရဲ့ အမူအရာ ကို ကြည့်ပြီး ပိုနားလည် လွယ်ပါတယ်။) 

(၆) အကယ်၍ သင်က နားကြားကိရိယာ တပ်ထားတဲ့သူ ဆိုရင် သင့်နားကြားကိရိယာ ရဲ့ Crowded Place Program ကိုပြောင်းထားပြီး Smart Mic ကို စကားပြောဖော် ရဲ့ အနားတွင် ထားပေးခြင်း အားဖြင့် အကြားအာရုံ တိုးမြင့်စေပါတယ်။