
CPAP စက်အသုံးပြုတဲ့သူတွေ အနေနဲ့ ရေထည့်တဲ့ အကန့်မှာ ရေထည့်လျှင် “Maximum Line” ခေါ် အများဆုံးထည့်နိုင်တဲ့ ပမာဏထက် ကျော်မသွားရန် ဂရုပြုသင့်ပါတယ်
Maximum line ကို ကျော်ပြီး ထည့်မိလျှင် စက်ပျက်စီးနိုင်ရုံ သာမက စက်တပ်ဆင်သူ အတွက်ပါ အန္တရာယ် ရှိနိုင်ပါတယ်
💧သတ်မှတ်ထားတဲ့ ရေပမာဏ ထက် ပိုထည့်မိလျှင်
✅CPAP စက်အတွင်းသို့ ရေဝင်ပြီး စက်အလွယ်တကူပျက်နိုင်ခြင်း။
✅စက်အတွင်းမှ အသံဆူနေခြင်း။
✅လေထုတ်လွှတ်ရာလမ်းကြောင်းတွင် ရေစက်များ ပါလာခြင်း။
✅အသက်ရှူလမ်းကြောင်းအတွင်းသို့ ရေများဝင်ကာ သီးခြင်း၊ ချောင်းဆိုးခြင်း၊ ရေမွှန်းသကဲ့သို့ ခံစားရခြင်းကြောင့် အိပ်ရေးပျက်ရခြင်း။
✅အသက်ရှူလမ်းကြောင်း ပိုးဝင်နိုင်ခြင်း။
✅မျက်နှာ အရေပြား ယားယံတတ်ခြင်း။
✅CPAP စက်ဖြင့် ကုသရာမှာ ထိရောက်မှု မရှိခြင်း။
✅CPAP စက်တပ်အိပ်ရတာ သက်တောင့်သက်သာ မရှိခြင်း
စတဲ့ စက် အတွက်ရော၊ လူအတွက်ပါ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာမို့ Water Chamber အတွင်းသို့ ရေထည့်ရာမှာ အများဆုံးထည့်နိုင်တဲ့ ပမာဏ ထက် ကျော်လွန် မထည့်ရန် ဂရုပြု သင့်ကြောင်း အကြံပေးအပ်ပါတယ်👩💼