
ပါးစပ်ခြောက်သွေ့ခြင်း ဖြစ်စေသောအကြောင်းအရင်းများ
- အိပ်ရာထထချင်းတွင် ပါးစပ်ခြောက်ခြင်း သို့မဟုတ် လည်ချောင်းခြောက်ခြင်း က အိပ်တဲ့အခါ ပါးစပ်နှင့် အသက်ရှုသူများတွင် ဖြစ်လေ့ရှိပါတယ်။
- နှာခေါင်းအဝမှာ ကွက်တိစွပ်သော Mask (Nasal Pillow Mask) သို့မဟုတ် နှာခေါင်းသီးသန့် အုပ်သော Mask (Nasal Mask) သုံးတဲ့သူတွေမှာ ပါးစပ်နဲ့ အသက်ရှူခြင်း (Mouth Breathing) ကြောင့် ဖြစ်တတ်ပါတယ်။
- ပါးစပ်ကို ဖွင့်ပြီး အိပ်တဲ့အခါ လေရှူထုတ်ချိန်တွင် လေဖိအား အလွန်ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒါကို “Mouth Leak” လို့ခေါ်ပြီး လည်ချောင်းကို အလွန်အမင်း ခြောက်သွေ့စေရုံသာမက CPAP ရဲ့ ကုသမှု ထိရောက်မှုကိုပါ ကျဆင်းစေပါတယ်။
- စက်မှာ ပါဝင်တဲ့ လေထုစိုထိုင်းဆ ကို ထိန်းပေးသော ခလုတ် (Humidifier) ကို လျှော့ထားမိရင်လည်း ပါးစပ်ခြောက်တာမျိုး ဖြစ်တတ်ပါတယ်။
ပါးစပ်ခြောက်သွေ့ခြင်း မဖြစ်အောင် ဘာတွေ လုပ်လို့ရလဲ?

- နှာခေါင်းအဝမှာ ကွက်တိစွပ်သော Mask (Nasal Pillow Mask) သို့မဟုတ် နှာခေါင်း သီးသန့် အုပ်သော Mask (Nasal Mask) ကို အသုံးပြုပါက မေးသိုင်းကြိုး (Chin Strap) ကိုလည်း အသုံးပြုသင့်ပါတယ်။ သို့မဟုတ် နှာခေါင်းနှင့် ပါးစပ်လုံသော Mask (Full Face Mask) ကို ပြောင်းလဲ အသုံးပြုသင့်ပါတယ်။
- အထူးသဖြင့် အေးတဲ့ရာသီ ဒါမှမဟုတ် အဲယားကွန်းဖွင့်အိပ်တဲ့ အခန်းတွေမှာ လေက ပိုခြောက်သွေ့တတ်ပါတယ်။စက်မှာပါတဲ့humidifier က လေဝင်လေထွက် အချိန်မှာ လေထုစိုထိုင်းဆ ကို ထိန်းသိမ်းပေးမှာပါ။ ဒါကြောင့် အသုံးမပြုမီအချိန်တိုင်း humidifier ခလုတ်ကို စစ်ဆေးပေးရင်တော့ အကောင်းဆုံးပါ။
- စက်မှာတပ်ဆင်ရတဲ့ Heated Tube (အပူပေးပိုက်) က ပါးစပ်ခြောက်ခြင်းကို ကာကွယ်ပေးရုံတင်မကဘဲ “Rainout” လို့ခေါ်တဲ့ ပိုက်ထဲမှာ ရေငွေ့ပျံပြီး ရေစက်တွေအဖြစ် Mask ထဲ စီးဝင်လာတဲ့ ပြဿနာကိုပါ ဖြေရှင်းပေးပါတယ်။ လေရဲ့ အပူချိန်ကို တည်ငြိမ်အောင် ထိန်းပေးတဲ့အတွက် ပိုပြီး သက်သောင့်သက်သာ ရှိစေပါတယ်။

